realme ဟာ လာမယ့်ဇူလိုင်လ ၁၂ ရက်နေ့မှာ realme GT2 Explorer Master Flagship ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာထူးခြားချက်အနေနဲ့ကတော့ လက်ရှိ Android ဖုန်းတွေအတွက် စွမ်းဆောင်ရည်အကောင်းဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အခုနောက်ဆုံး realme ကနေ ထုတ်ပြန်လိုက်တဲ့ Teaser အရဆိုရင် realme GT2 Explorer Master စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံးသော LPDDR5X RAM ပါဝင်တဲ့စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ တခြားသော Snapdragon 8+ Gen 1 အသုံးပြုထားတဲ့ဖုန်းတွေထက်တောင် ပိုပြီး မြန်ဆန်ဖွယ်ရှိနေပါတယ်။

LPDDR5X RAM ဟာ ယခင်တုန်းက LPDDR5 RAM နဲ့ ယှဥ်ရင် သိသိသာသာပိုမြန်ဆန်ပြီး Read Speed အနေနဲ့ အမြင့်ဆုံး 8.5Gbps အထိရရှိနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ LPDDR5 RAM ဟာ Read Speed ကို အမြင့်ဆုံး 6.4Gbps ပဲရရှိနိုင်ပြီးတော့ ပါဝါစားသုံးမှုပိုင်းမှာလည်း LPDDR5X RAM က ၂၀ ရာခိုင်နှုန်းပိုသက်သာဦးမှာပါ။

ဒါတင်မဟုတ်သေးဘဲ realme GT2 Explorer Master စမတ်ဖုန်းဟာ ဘေးဘောင်ကို Metal Frame ဖြင့်ပြုလုပ်ထားမှာဖြစ်ပြီး အမြင့်ဆုံး 120Hz Refresh Rate ကို Support ပြုလုပ်ထားတဲ့ 10-bit HDR10+ Display လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဘေးဘောင်တွေကိုလည်း အလွန်ပါးလွှာအောင်ပြုလုပ်ထားပြီး အထူအနေနဲ့ 2.37mm ပဲရှိမှာဖြစ်ပါတယ်။

Ref – GSM Arena