realme ဟာ ပြီးခဲ့တဲ့ မေလမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်တဲ့ realme Watch ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ်တွေကို မကြာခင် ချပြတော့မယ်လို့ ထင်ပါတယ်။ realme AIoT Device တွေကို ထိန်းချုပ်နိုင်တဲ့ realme Link App ရဲ့ Source Code မှာ Watch 2 နဲ့ Watch 2 Pro နာမည်တွေကို တွေ့လာရပါပြီ။

Realme Link source code reveals Realme Watch 2 and Watch 2 Pro are in works

အဲဒီ Code တွေမှာ Watch 2 နဲ့ Watch 2 Pro တို့ရဲ့ Specs နဲ့ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပေမယ့် ၁.၄ လက်မ LCD မျက်နှာပြင်နဲ့ 160mAh ဘက်ထရီ ပါတဲ့ ပထမမျိုးဆက် စမတ်နာရီထက် ပိုမို တိုးတက်မှုတွေ ထည့်သွင်းထားမှာသေချာပါတယ်။

Realme Watch - Full Specification, price, review, compare

realme Watch မှာ နှလုံးခုန်နှုန်နဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့စွမ်းရည်တွေ ပါလာပြီး Yoga နဲ့ Cricket လို Sports Mode များစွာ ထောက်ပံ့ထားပါတယ်။ IP68 စံနှုန်း ပါတဲ့အတွက် ရေစိုခံသလို ဖုန် မဝင်အောင် ကာကွယ်ပေးနိုင်ပြီး စမတ်ဖုန်းက သီချင်းနဲ့ ကင်မရာတွေကို ထိန်းချုပ်နိုင်ပါတယ်။

မျက်နှာပြင်ကို 2.5D Curved Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး 320×320 pixels Resolution ရှိပါတယ်။ Step Tracker, Idle Alert, Meditation, Water Drinking Reminder နဲ့ Sleep Monitor လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားပြီး ၅၅ ဒေါ်လာလောက် တန်ကြေးရှိကာ ၇ သောင်း ၃ ထောင်လောက်ကျသင့်ပါတယ်။

Ref : gsmarena