Realme Narzo 10 မှာ နောက်ထပ် ရွေးချယ်စရာ အရောင်သစ်တစ်မျိုး ထပ်ရောက်လာပြီဖြစ်ကြောင်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒီအရောင်သစ်ဟာ 4GB RAM + 64GB ဗားရှင်း Realme Narzo 10A ကို ကြေညာပြီး ရက်သတ္တပတ် အကြာမှာ ကြေညာတာ ဖြစ်ပါတယ်။

Realme ကတော့ Narzo 10 ရဲ့ အရောင်သစ်ကို “That Blue” လို့ အမည်ပေးထားပါတယ်။ ပထမဆုံးရောင်းချမယ့်အချိန်ကတော့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ်ခင်းအချိန်လို့ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းက အရင်အတိုင်းပဲ မပြောင်းမလဲရှိနေပါတယ်။ $159 ဖြစ်တဲ့အတွက် ၂ သိန်း ၂သောင်းဝန်းကျင် ဖြစ်ပါတယ်။

Narzo 10 ကို ပြီးခဲ့တဲ့ မေလတုန်းက အိန္ဒိယဈေးကွက်မှာ ကြေညာခဲ့တာပါ။ တကယ်တော့ Narzo 10 လို့နာမည်ပြောင်းထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ Realme 6i အနေနဲ့ မတ်လကတည်းက မိတ်ဆက် ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ စတင်ဖြန့်ချိချိန်က အရောင် နှစ်မျိုးပဲ ကြေညာခဲ့တာဖြစ်ပြီး အဖြူနဲ့ အစိမ်းရောင်ပဲ ရခဲ့တာဖြစ်ပါတယ်။

Realme Narzo 10 ဟာ 6.5-inch HD+ display မှာမှ Waterdrop notch တပ်ဆင်ပေးထားပါတယ်။ Helio G80 processor ကို 4GB of RAM နဲ့ တွဲဖက်ပေးထားပြီး သိုလှောင်မှုပမာဏ 128GB ဖြစ်ပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 48MP+8MP+2MP+2MP လေးလုံးဖြစ်ပြီး Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Ref: GSM Arena