COVID-19 ကြောင့် အိန္ဒိယမှာ Realme Narzo 10 Series ကြေညာမယ့်နေ့ကို မတ်လ ၂၆ ရက်ကနေ ဧပြီလ ၂၁ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုလည်း ကုမ္ပဏီက ဒီလ ၂၁ ရက်နေ့မှာ မကြေညာတော့ဘူးလို့ သတင်းပေးလိုက်ပါတယ်။

အိန္ဒိယ အစိုးရက ၁ နိုင်ငံလုံး Lockdown လုပ်ထားတဲ့ ကာလအတွင်းမှာ အွန်လိုင်း ကနေ စားသောက်ကုန်မဟုတ်တဲ့ ကုန်ပစ္စည်းတွေ ရောင်းခွင့်ပြုလိုက်ပြီးနောက်မှာ Realme ဟာ ဒီလ ၂၁ ရက်နေ့မှာ Narzo 10 Series တွေကို မိတ်ဆက်ဖို့ သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယမှာ Lockdown ပြုလုပ်ထားတာ မတ်လ ၂၄ ရက်ကစခဲ့ပြီး အခုဆိုရင် ဧပြီလ ၁၄ ရက်ကနေ မေလ ၃ ရက်နေ့အထိ တိုးမြှင့်လိုက်ပါတယ်။

အိန္ဒိယ အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စားသောက်ကုန် မဟုတ်တဲ့ ကုန်ပစ္စည်းတွေကို ထပ်မံ ပိတ်ပင်လိုက်ပြီးနောက်မှာ Realme က ဒီလ ၂၁ ရက်‌နေ့ မိတ်ဆက်ပွဲကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ အခုဆိုရင် Lockdown ကာလမှာ စားသောက်ကုန် မဟုတ်တာတွေကို အွန်လိုင်းကနေ ဝယ်ယူလို့ မရတော့ပါဘူး။ Narzo 10 Series ကို မေလ ၃ ရက်နေ့ မတိုင်ခင် ကြေညာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

Ref : gsmarena