မကြာသေးခင်က သတင်းထွက်ပေါ်ခဲ့တဲ့ Realme ရဲ့ Narzo စမတ်ဖုန်းအမှတ်တံဆိပ်သစ်ကို Retail ဆိုင်တစ်ခုက မှားယွင်းပြီး တင်ထားတာ တွေ့ခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းအရတော့ Realme ရဲ့ စမတ်ဖုန်း အမှတ်တံဆိပ်သစ်လို့ ဆိုလာတဲ့ Narzo လိုင်းအပ်ဟာ ထင်သလောက်တော့ အသစ်အဆန်းဟုတ်ပုံမရပါဘူး။

ဒီဖုန်းသစ်ကို AnTuTu မှာ မော်ဒယ်နံပါတ် RMX2040 နဲ့တွေ့ခဲ့ရပြီး အစောပိုင်းက မြန်မာနိုင်ငံမှာ Realme 6i အဖြစ် မိတ်ဆက်ခဲ့တဲ့ ဟန်းဆက်ပဲဖြစ်ပါတယ်။ Realme က တရားဝင်အတည်ပြုထားတဲ့ Narzo 10 ဖုန်းရဲ့ Specs တွေကြောင့်လည်း ဒီဖုန်းဟာ Realme 6i ကို အမည်ပြောင်းလာတာလို့ သတင်းတွေ ထွက်ထားခဲ့ပြီးသားပါ။ Narzo 10A ကတော့ Realme C3 (ကင်မရာသုံးလုံးဗားရှင်း) ကို အခြေခံထားတယ်လို့လည်း ထပ်မံသတင်းထွက်နေပါတယ်။

ဒါ့ကြောင့် MediaTek Helio G80 ချစ်ပ်ဆက်ကို နိုင်ငံတကာဈေးကွက်မှာပါ ထပ်မြင်ရတော့မှာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း မြင်ပြီးသားအတိုင်းပဲ ဖြစ်မှာပါ။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့ဈေးနှုန်း ဖြစ်ပါတယ်။

Realme ဟာ Narzo 10 စမတ်ဖုန်းနဲ့ အိန္ဒိယဈေးကွက်ရဲ့ ဒေါ်လာ ၂၀၀ အောက် စမတ်ဖုန်းဈေးကွက်ကို ထိုးနှက်ဖို့ ကြိုးစားလာမှာပါ။ ဒီဖုန်းဟာ မြန်မာငွေကျပ် နှစ်သိန်းခွဲ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၈၀ ဝန်းကျင်ဖြင့် အိန္ဒိယဈေးကွက်ကို ထပ်မံရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Realme 6i ရော ကင်မရာသုံးလုံးနဲ့ C3 ပါ အိန္ဒိယဈေးကွက်အတွင်းမှာ မရရှိသေးပါဘူး။ လာမယ့် မတ်လ ၂၆ ရက်နေ့မှာတော့ သူတို့ရဲ့ Narzo Line-up အသစ်အား မိတ်ဆက်လာမှာကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena