လွန်ခဲ့တဲ့ ရက်ပိုင်းသတင်းပေါက်ကြားမှုမှာ Realme Narzo 20 စီးရီးကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ချိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် Narzo 20 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိခဲ့ရပါဘူး။ အခုတစ်ကြိမ်ပေါက်ကြားမှုမှာတော့ Narzo 20 ရဲ့ အချက်အလက်အချို့ကို သိလာရပြီ ဖြစ်ပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ Mukul Sharma (@Stufflisting) က Narzo 20 ရဲ့ အဓိကအစိတ်အပိုင်းအချို့ကို တွစ်တာမှာ မျှဝေခဲ့တာပါ။ သူ့ရဲ့ ဖော်ပြမှုအရ Narzo 20 ဟာ 6,000mAh ဘက်ထရီပါဝင်ပြီး၊ 18W အားသွင်းစနစ်လည်း ထောက်ပံ့ထားတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် Narzo 20 ဟာ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားမှာဖြစ်ပြီး အဓိကကင်မရာကတော့ 48MP sensor နဲ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီဟန်းဆက်ဟာ Mediatek Heilo G85 processor အသုံးပြုထားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီ Mid-range chipset ကို ပြီးခဲ့တဲ့လအနည်းငယ်က ဖြန့်ချိခဲ့တဲ့ Redmi 10X မှာ ပထမဆုံးအဖြစ် သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။

Helio G85 ဟာ Helio G80 ရဲ့ Higher-clocked ဗားရှင်းဖြစ်ပါတယ်။ ဒီ Chipset ဟာ 2.0GHz Cortex-A75 cores နှစ်ခုနဲ့ Cortex-A55 cores ၆ ခုပါဝင်ပါတယ်။ Realme ဟာ Narzo 20 အပြင် Narzo 20 Pro နဲ့ Narzo 20a တို့ကိုလည်း ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina