realme ရဲ့ Narzo 20 Series တွေကို တရားဝင် မြင်ရဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ realme ကလည်း မကြာခင် ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ ကြေညာမယ့်နေ့နဲ့ ဖိတ်စာတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်လာပါတယ်။

Himanshu (@byhimanshu) ဆိုသူက Narzo 20 Series ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာမယ်လို့ တွစ်တာမှာ သတင်းပေးလိုက်ပါတယ်။ ဒါ့အပြင် သူက realme ကိုယ်တိုင်က ကြေညာမယ့်နေ့ကို ဒီရက်ပိုင်းထဲမှာ ပြောလိမ့်မယ်လို့လည်း အသိပေးလိုက်ပါတယ်။

သူ့ရဲ့ Tweet အောက်မှာ Narzo 20 Series မိတ်ဆက်ပွဲ ဖိတ်စာ ဓါတ်ပုံ ၁ ပုံကို Reply လုပ်ထားတာ မြင်ရပါတယ်။ ပုံမှာ အပြာရောင် ဘူးရဲ့ အထက်မှာ Narzo စာသားကို ထင်ထင်ရှားရှား ရေးသားထားတာ မြင်ရပါတယ်။ ဘူးထဲမှာ SUP Handheld Retro Game Console နဲ့ Energy Bar Snack ကိုတွေ့ရပြီး အောက်ခြေမှာ ဘက်ထရီ Indicator ပြထားတဲ့ ဘူးလေး ၁ ဘူး ပါလာပါတယ်။

အရွယ်ကြီး ဘက်ထရီ ပါလာမယ့် အရိပ်အယောင်လို့ ထင်ပါတယ်။ Narzo 10 နဲ့ Narzo 10A ၂ လုံးစလုံးမှာတောင် အရွယ်ကြီး 5,000mAh ဘက်ထရီတွေ ထည့်ထားတာပါ။ realme က ဒါတောင် မကျေနပ်နိုင်သေးဘဲ မကြာခင်က ကြေညာခဲ့တဲ့ Galaxy M51 မှာလို 7,000mAh ဘက်ထရီကြီးတောင် Narzo 20 Series မှာ ထည့်ပေးမလား မသိပါဘူး။ ဘက်ထရီမှာ ဘား ၇ ခုပါတဲ့အတွက်ကြောင့်လည်း ဒီလို ထင်စရာ ဖြစ်နေပါတယ်။ Narzo 20 Series ထဲမှာ Narzo 20 , Narzo 20A နဲ့ Narzo 20 Pro တို့ ပါလာမှာပါ။

Ref : gizmochina