realme က ဇူလိုင်လမှာ Narzo 60 နဲ့ Narzo 60 Pro ကို ကြေညာခဲ့ပြီး အခုတော့ Narzo 60x ကို မိတ်ဆက်လိုက်ပါတယ်။

Narzo 60x မှာ Dimensity 6100+ SoC မောင်းနှင်ထားပြီး Android 13 အခြေပြု realme UI 4.0 ထည့်ထားပါတယ်။ 128GB Storage ပါလာပြီး 4GB နဲ့ 6GB RAM တွေ ရွေးချယ်နိုင်ပါတယ်။

Realme Narzo 60x arrives with Dimensity 6100+ SoC and 50MP camera, Buds T300 tag along

6.72” 120Hz FullHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 680 Nits Peak Brightness နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှုပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါပါတယ်။

Realme Narzo 60x arrives with Dimensity 6100+ SoC and 50MP camera, Buds T300 tag along

33W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ၂၉ မိနစ်အတွင်း ၁ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။

realme Narzo 60x ရဲ့ 4GB/128GB မော်ဒယ်ကို ၁၅၅ ဒေါ်လာနဲ့ 6GB/128GB မော်ဒယ်ကို ၁၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Stellar Green နဲ့ Nebula Purple အရောင်တွေထုတ်လုပ်ထားပြီး အိန္ဒိယမှာ စက်တင်ဘာလ ၁၂ နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena