“အတန်ဆုံးနဲ့ကြာကြာသုံး Note 50 ဖုန်း” ဆိုတဲ့အတိုင်း သုံးစွဲသူတွေတခဲနက် ဝယ်ယူအားပေးနေကြတဲ့ realme Note 50 ဖုန်းကို စျေးကွက်မှာ စျေးနှုန်းမြင့်တက်မှုတွေရှိနေပေမယ့်လည်း ၃ သိန်းအောက်နဲ့ ဝယ်ယူနိုင်စေဖို့အတွက် 6GB RAM (3+3) + 64GB ROM version အသစ်ကိုမိတ်ဆက်ပေးထားပြီဖြစ်ပြီး အခုအခါမှာ စျေးကွက်ထဲမှာ စျေးနှုန်း ၂၈၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ Version အသစ်ကိုလည်း အနက်ရောင်နဲ့ အပြာရောင် ၂မျိုးကို ရွေးချယ်နိုင်စေဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ၂နှစ်အာမခံပေးထားသလို လှပအကြမ်းခံတဲ့အားသာချက်တွေကြောင့်လည်း “ဒီနယ်တစ်ခွင်မှာ ရောင်းအားအကောင်းဆုံးဖုန်း” အဖြစ်ပါ သုံးစွဲသူတွေက ဝက်ဝက်ကွဲအောင်အားပေးဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။
RAM 8GB (4+4) + 64GB ROM အတွက် ၃၀၉,၉၀၀ ကျပ်နဲ့ RAM 8GB (4+4) + 128GB ROM အတွက် ၃၃၉,၉၀၀ ကျပ်တို့နဲ့ပါ မိမိလိုအပ်ချက်အလိုက် ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

သုံးစွဲသူတွေကို အဓိကအကြိုက်တွေ့စေတဲ့ အားသာချက်ထဲမှာ ၄၈လကြာ အသွက်အလက်ဆုံးသုံးနိုင်စေမယ့် အချက်လည်း ပါဝင်နေပြီး မူလအစထုတ်လုပ်စဥ်ကတည်းက Hardware ပိုင်းနဲ့ Software ပိုင်းတို့ကို လိုက်ဘက်ညီစွာပေါင်းစပ်ကာ အရည်အသွေးစံချိန်မြှင့်တင်ထုတ်လုပ်ပေးထားတဲ့ အားသာချက်ကြောင့်လည်း အခုလို သွက်လက်ညက်ညောတဲ့အတွေ့အကြုံကို သုံးစွဲသူတွေရရှိနေတာဖြစ်ပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် UNISOC T612 chipset ရဲ့ အဆင့်မြှင့်တင်ထားတဲ့အချက်ကြောင့်လည်း AnTuTu ရလဒ်စစ်ဆေးမှုတွေမှာ ရမှတ် ၂သိန်း ၄ သောင်းကျော်အထိပါရရှိထားတာဖြစ်ပါတယ်။

ဖုန်းတစ်လုံးရဲ့မျက်နှာပြင်ပိုင်းမှာလည်း မြင်ကွင်းကျယ် ၆.၇၄ လက်မရှိပြီး 90Hz Refresh Rate ပါထောက်ပံ့ထားလို့ သွက်လက်မြန်ဆန်တဲ့ မျက်နှာပြင်ထိတွေ့မှု အတွေ့အကြုံကိုပါ ရရှိစေမှာဖြစ်ပါတယ်။ ရေစင်ဒဏ်၊ ဖုန်းဝင်ဒဏ်တွေကိုကာကွယ်ပေးနိုင်ဖို့အတွက်လည်း realme Note 50 မှာ IP54 အဆင့်သတ်မှတ်ချက် ရရှိထားပြီဖြစ်လို့ ပူပန်စရာလိုမှာမဟုတ်ပါဘူး။

5000mAh ဘက်ထရီက စံချိန်မြင့်အရည်အသွေးပါဝင်ထားလို့ အကြိမ် ၁၂၀၀ ကျော်အထိအားသွင်းမယ်ဆိုရင်တောင် ဘက်ထရီအားပမာဏက အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထက်မှာရှိနေဦးမှာဖြစ်ပါတယ်။ အားသွင်းဖို့အတွက် 10W Type-C အမျိုးအစားကိုထည့်သွင်းပေးထားပါတယ်။

13MP ပင်မကင်မရာနဲ့ 5MP Selfie ကင်မရာတို့ တပ်ဆင်ပေးထားပြီး Night Mode စနစ်နဲ့ပါ ပေါင်းစပ်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

MPT ရဲ့ Date Bonus တွေကိုလည်း ဖုန်းဘေလ် ၃၀၀၀ ကျပ် လစဥ်ဖြည့်သွင်းရုံနဲ့ ၆လအထိ လစဥ် 1GB ရရှိစေမှာြဖစ်ပြီး SIM Card အသစ်ဆိုရင်တော့ Data ပမာဏကို 2GB အထိရရှိစေမှာဖြစ်ပါတယ်။

 

Media release: realme