realme က အင်ဒိုနီးရှားမှာ Note 60 ကို ကြေညာလိုက်ပါတယ်။ အရင်နှစ်ထုတ် Note 50 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး အဆင့်မြှင့်ထားတဲ့ 32MP ကင်မရာ ၊ IP64 Rating နဲ့ Android 14 ထည့်သွင်းထားပါတယ်။

Realme Note 60 brings updated camera and $90 price tag

Note 60 မှာ 6.74” IPS LCD FHD+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ 560 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Unisoc T612 Chipset မောင်းနှင်ထားပြီး 4GB RAM ကို အခြေခံ မော်ဒယ်မှာ ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့် မော်ဒယ်မှာ 8GB RAM နဲ့ 256GB Storage ပါလာပါတယ်။

Realme Note 60 brings updated camera and $90 price tag - GSMArena.com news

အနောက်ဘက်မှာ 32MP Main နဲ့ Auxiliary ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပါတယ်။

realme Note 60 အတွက် Voyage Blue နဲ့ Marble Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB ကို ၉၀ ဒေါ်လာနဲ့ 8/256GB ကို ၁၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အင်ဒိုနီးရှားမှာ စတင် ရောင်းချနေပြီ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ရောင်းချနိုင်ပါတယ်။

Ref : gsmarena