Note 50 ကို ကြေညာပြီး ၇ လလောက်ပဲ ရှိတဲ့အချိန်မှာ realme က မျိုးဆက်သစ် Note 60 ကို အင်ဒိုနီးရှားမှာ မိတ်ဆက်ဖို့ မိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်။ အင်ဒိုနီးရှား စတိုးတွေမှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs တွေကို တင်ထားပါတယ်။

Realme Note 60 Specifications

Note 60 မှာ 6.74” 90Hz IPS LCD Display ပါလာမှာ ဖြစ်ပြီး HD+ Resolution ထောက်ပံ့ထားမှာပါ။ ရေစိုနေတဲ့ လက်နဲ့ ထိတွေ့ အသုံးပြုနိုင်တဲ့ “Rainwater Smart Touch” Feature ကို ကုမ္ပဏီက ထည့်သွင်းထားပါတယ်။ IP64 ရေစိုခံစံနှုန်းလည်း ပါပါတယ်။

အနောက်ဘက်မှာ 32MP Main (10x Digital Zoom) နဲ့ အပို ကင်မရာ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 5MP ကင်မရာ ပါပါတယ်။ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် သတ္တု ဖရိမ်ကို အသုံးပြုထားပြီး Note 50 မှာတော့ ပလတ်စတစ်ကိုပဲ သုံးထားပါတယ်။ Unisoc T612 Chipset မောင်းနှင်ထားပြီး 4GB, 6GB RAM နဲ့ 64GB, 128GB Storage ပါပါတယ်။

10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ထားပါတယ်။ အင်ဒိုနီးရှားမှာ 4/64GB ကို ၉၀ ဒေါ်လာနဲ့ 6/128GB ကို ၁၀၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အင်ဒိုနီးရှားမှာ ရောင်းနေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina