realme ဟာ တရုတ်နိုင်ငံစျေးကွက်အတွက် realme Notebook Air နာမည်နဲ့ Laptop အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Notebook Air လို့ နာမည်တပ်ထားတဲ့အတိုင်း အခု Laptop ဟာ ပါးလွှာ၊ ပေါ့ပါးမှုကို ပိုပြီးဦးစားပေးထားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် realme Notebook Air ဟာ အလေးချိန်အနေနဲ့ 1.36Kg ပဲရှိမှာဖြစ်ပြီး အထူအနေနဲ့ကလည်း 14.9mm ပဲ ရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ MacBook Air ထက် ဘေးဘောင်တွေပိုပြီး ပါးလွှာပြီးတော့ 4.9mm ပဲ အထူရှိမှာပါ။

Performance ပိုင်းမှာတော့ Intel ရဲ့ 11th Gen i3 Processor ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး 256GB သို့မဟုတ် 512GB SSD ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Display ပိုင်းမှာတော့ 16:10 Aspect Ratio ရှိတဲ့ Full HD Display ကို အသုံးပြုထားပြီး Screen-to-Body Ratio အနေနဲ့ ၈၈ ရာခိုင်နှုန်းအထိ ရှိမှာဖြစ်ပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Metal Body ၊ VC Liquid Cooling နဲ့ Dual Fan Cooling နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 54Whr Battery ပါဝင်ပြီး USB C ကနေတစ်ဆင့် 65W USB PD Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

realme Notebook Air ဟာ စျေးနှုန်းအနေနဲ့ RAM 8GB ၊ 256GB Storage Model ကို 2999 Yuan (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) နဲ့ RAM 8GB ၊ 512GB Storage Model ကိုတော့ 3299 Yuan (မြန်မာငွေ ၉ သိန်းဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ Sky Gray နဲ့ Ice Blue ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာပါ။

Ref – Gizmo China