realme က P Series ရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်တဲ့ P1 နဲ့ P1 Pro ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 120Hz AMOLED Display , 50MP Main ကင်မရာနဲ့ 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Realme Unveils P1 and P1 Pro: OLED 120Hz Screens and 50MP

realme P1 နဲ့ P1 Pro မှာ 6.7” AMOLED FHD+ မျက်နှာပြင်နဲ့  120Hz Refresh Rate ပါပါတယ်။ 2,000 Nits Peak Brightness , 16MP Front ကင်မရာနဲ့ In-display Fingerprint Scanner ထည့်ထားပါတယ်။ Pro မှာ Curved Display နဲ့ P1 မှာ Flat Display ပါပါတယ်။

P1 မှာ Dimensity 7050 Chipset , 6/8GB RAM နဲ့ 128/256GB Storage ပါလာပြီး P1 Pro မှာ Snapdragon 6 Gen 1 SoC, 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။

Realme Unveils P1 and P1 Pro: OLED 120Hz Screens and 50MP

ဖုန်း ၂ လုံးစလုံးမှာ 50MP Main ကင်မရာ တပ်ထားပါတယ်။ P1 မှာ 2MP Monochrome နဲ့ P1 Pro မှာ 8MP Ultrawide နဲ့ 2MP Macro ကင်မရာပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး 45W SuperVOCO Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

P1 အတွက် Phoenix Red နဲ့ Peacock Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁၉၁ ဒေါ်လာနဲ့ 8/256GB ကို ၂၂၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၂ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

P1 Pro အတွက် Phoenix Red နဲ့ Parrot Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၆၃ ဒေါ်လာနဲ့ 8/256GB ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၃၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena