realme P3 Series ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ realme P3 Pro နဲ့ P3x လို့ အမည်ပေးထားပြီး ၂ လုံးစလုံးမှာ ကြီးမားတဲ့ 6,000mAh Battery ပါပါတယ်။ P3x မှာ 45W နဲ့ P3 Pro မှာ 80W Wired Charging ထည့်သွင်းထားပါတယ်။ ၂ လုံးစလုံးမှာ IP68/69 ရေစိုခံစံနှုန်း ပါလာပြီး Android 15 အခြေပြု realme UI 6.0 သုံးထားပါတယ်။
realme P3 Pro
နာမည်အတိုင်း P3 Pro ဟာ ပိုစွမ်းရည်မြင့်ပါတယ်။ 6.83” Quad-curved OLED FHD+ 120Hz Display သုံးထားပြီး Peak Brightness က 1,500 Nits ဖြစ်ပါတယ်။ Snapdragon 7s Gen 3 Chipset ထည့်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ပါပါတယ်။
ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 2MP Depth တပ်ထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ 6050mm² VC Cooling System ထည့်ထားပါတယ်။
Nebula Glow, Galaxy Purple နဲ့ Saturn Brown အရောင်တွေ ထုတ်ထားပါတယ်။ 8/128GB ကို ၂၇၆ ဒေါ်လာနဲ့ 12/256GB ကို ၃၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၂၈ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။
realme P3x
P3x ဟာ MediaTek Dimensity 6400 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ပါပါတယ်။
6.72” IPS LCD FHD+ Display တပ်ထားပြီး 120Hz Refresh Rate , 950 Nits Peak Brightness ထည့်ထားပါတယ်။ 50MP Main နဲ့ 2MP Depth ကင်မရာ သုံးထားပါတယ်။
Lunar Silver, Midnight Blue နဲ့ Stellar Pink အရောင်တွေ ထုတ်ထားပါတယ်။ ဈေးနှုန်းက 6/128GB ကို ၁၆၁ ဒေါ်လာနဲ့ 8GB RAM Version ကို ၁၇၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၈ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာပါ။
Ref: gsmarena