realme က ပထမဆုံး Ultra ဖုန်းဖြစ်တဲ့ realme P3 Ultra ကို ကြေညာလိုက်ပြီး ဒီဇိုင်းကို အသားပေးထားပါတယ်။

Realme P3 Ultra color options

Neptune Blue နဲ့ Orion Red Version တွေမှာ အနောက်ဘက်ဟာ သားရေအတု ဖြစ်ပြီး Glowing Lunar White မော်ဒယ်မှာ တောက်ပတဲ့ အမှုန်လေးတွေ ကပ်ထားပါတယ်။ လကမ္ဘာရဲ့ မျက်နှာပြင်နဲ့တူအောင် ဖန်တီးထားပါတယ်။ အမှောင်ထဲမှာ တောက်ပတဲ့ အစိမ်းရောင် မော်ဒယ်လည်း ပါပါတယ်။

Realme P3 Ultra announced with Dimensity 8350 Ultra and 6000 mAh battery

realme P3 Ultra မှာ IP66, IP68 နဲ့ IP69 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Hi-Res Audio Certification ရထားတဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။

Display အတွက် 6.83” Quad-curved AMOLED ကို သုံးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,500 Nits Peak Brightness နဲ့ Gorilla Glass 7i Protection ပါပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 16MP အရှေ့ ကင်မရာ ပါပါတယ်။

P3 Ultra မှာ Dimensity 8350 Chipset ရဲ့ Ultra Version သုံးထားပြီး 8/12GB RAM နဲ့ 128/256GB Storage အထိ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide ကင်မရာ ၂ လုံး ပါပါတယ်။ Android  15 အခြေပြု realme UI 6.0 ထည့်ထားပါတယ်။ 80W Wired Charging ပါတဲ့ ကြီးမားတဲ့ 6,000mAh Battery သုံးထားပါတယ်။

realme P3 Ultra ရဲ့ 8/128GB ကို ၃၁၂ ဒေါ်လာနဲ့ 12/256GB ကို ၃၄၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena