Realme Q2 စီးရီးကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုကြေညာပြီး နေ့မကူးခင်မှာပဲ GeekBench မှာရှိတဲ့ Q2 Device တစ်ခုရဲ့ အချက်အလက်အချို့ ပေါ်ထွက်လာပါတယ်။ Vanilla Q2 နဲ့ Q2 Pro ဆိုပြီး မော်ဒယ်နှစ်မျိုးအနက် GeekBench မှာ မြင်တွေ့ရတာ ဟာ ပုံမှန် Q2 လို့ ယူဆရပါတယ်။

မော်ဒယ်နံပါတ် Realme RMX2117 နဲ့ တွေ့မြင်ရတဲ့ Device ဟာ အခြေခံစံနှုန်းအရ MediaTek Dimensity 800U ကို အသုံးပြုထားတယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ဈေးနှုန်းချိုသာပြီး Dual 5G SIM ထောက်ပံ့ပေးတဲ့ Chip ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒီအချက်က Vanilla Q2 လို့ ယူဆချက်ကို ပိုပြီးခိုင်မာစေပါတယ်။

GeekBench ဖြစ်တဲ့အတွက် Device နဲ့ပတ်သက်တဲ့ အချက်အလက်အများကြီးကို ဖော်ပြထားခြင်းမရှိပေမယ့် Realme RMX2117 ဟာ Android 10 မောင်းနှင်ထားပြီး 6GB of RAM ထောက်ပံ့ပေးထားတာကိုတော့ သိရှိခဲ့ရပါတယ်။ Realme ရဲ့ ပြောဆိုချက်အရ Realme UI 2.0 အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Realme Q2 နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကတော့ TENAA listing မှာ RMX2117 တွေ့မြင်ရတုန်းက သိခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Q2 ဟာ 6.5-inch FullHD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 16MP Selfie ကင်မရာ တပ်ဆင်ထားမယ်လို့ သိနိုင်ပါတယ်။ ကျောဘက်မှာ 48MP အဓိကကင်မရာ + 8MP + 2MP ကင်မရာတွေ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,900mAh ဖြစ်ပြီး 30W အမြန်အားသွင်းစနစ်ထောက်ပံ့ထားမယ်လို့ ယူဆရပါတယ်။

Realme Q2 Pro နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ အခုထိ ထွက်ပေါ်မလာသေးပါဘူး။ AnTuTu ကတစ်ဆင့် သိထားတဲ့ မော်ဒယ်နံပါတ် RMX2173 ဟာ Q2 Pro ဖြစ်မယ်ဆိုရင်တော့ OLED panel နဲ့ 65W အားသွင်းစနစ်ကို ထောက်ပံ့ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လာမယ့် အောက်တိုဘာလ ၂၂ ရက်မတိုင်မီ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: GSM Arena