realme ဟာ Q5i ကို ဒီ ၁ ပတ်အစောပိုင်းက ကြေညာခဲ့ပြီး အခုတော့ Q5 နဲ့ Q5 Pro ကို ချပြလိုက်ပါတယ်။

realme Q5 မှာ ၆.၆ လက်မ LCD 120Hz 1080p မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main, 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းပြီး ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။

Realme launches Q5 with 60W fast charging, Q5 Pro brings 80W rates

Snapdragon 695 5G Chipset မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ 60W SuperDart Charging ထောက်ပံ့ထားပြီး Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး Silver, Gold နဲ့ Black ၃ ရောင်ထုတ်လုပ်ထားကာ ၂၇ ရက်နေ့ ရောင်းမှာပါ။ 6/128GB ကို ၁,၃၉၉ ယွမ်၊ 8/128GB ကို ၁,၅၉၉ ယွမ်နဲ့ 8/256GB ကို ၁,၇၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄၀၀,၀၀၀ ဝန်းကျင် ရှိမှာပါ။

Realme launches Q5 with 60W fast charging, Q5 Pro brings 80W rates

realme Q5 Pro မှာ ၆.၆၂ လက်မ AMOLED 120Hz မျက်နှာပြင် ပါလာပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးတပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။ Chipset က အနည်းငယ် ဒိတ်အောက်နေပေမယ့် စွမ်းရည်မြင့်မားတဲ့ Snapdragon 870 ဖြစ်ပါတယ်။

80W Fast Charging က အမိုက်ဆုံး လုပ်ဆောင်ချက် ဖြစ်ပြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Black အရောင်မှာ 6/128GB  ပါလာပြီး ၁,၈၉၉ ယွမ် သတ်မှတ်ထားကာ ၅၄၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ 8/128GB နဲ့ 8/256GB ပါတဲ့ Yellow နဲ့ White အရောင်တွေကို ၂,၀၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gsmarena