realme ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို အမျိုးအစားမျိုးစုံတိုးပြီး မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း realme ကနေ realme Q5x ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ အဆိုပါ realme Q5x စမတ်ဖုန်းဟာ realme Q5i ၊ realme Q5 နဲ့ realme Q5 Pro ဖုန်းတွေအပြီး စတုတ္ထမြောက် Q Series ဖုန်းအနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

realme Q5x ဖုန်းဟာ 6.5″ IPS LCD Display ကို အသုံးထားမှာဖြစ်ပြီး Resolution အနေနဲ့ HD+ (720×1600 Pixels) ရှိမှာဖြစ်ပါတယ်။ Aspect Ratio အနေနဲ့ကတော့ 20:9 ရှိမှာဖြစ်ပြီး Brightness ပိုင်းမှာလည်း 400nits အထိ ထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။ Screen-to-Body Ratio အနေနဲ့ကတော့ 88.7% အထိရှိမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Dimensity 700 Chipset ကို အသုံးပြုထားပြီး RAM 4GB နဲ့ 64GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာ microSD Card Slot လည်းပါဝင်တာကြောင့် ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ Dual Camera Setup ကို အသုံးပြုထားပြီး 13MP Primary Sensor နဲ့ 0.3MP Depth Sensor ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 5MP Sensor ပါဝင်မှာဖြစ်ပြီး Teardrop Design ပြုလုပ်ထားပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ realme UI 3.0 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Side-mounted Fingerprint Sensor ၊ 5G Support တွေလည်းပါဝင်မှာဖြစ်ပါတယ်။

realme Q5x ဖုန်းဟာ စျေးနှုန်းအနေနဲ့ 999 Yuan (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ Ink Cloud Black သို့မဟုတ် Star Blue ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China