Unicode
Realme ကနေ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ Realme X50 5G စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Realme ကနေ အဆိုပါဖုန်းရဲ့ နောက်ကျောဘက် Design အပြင် Quad Camera Setup နဲ့ Side-mounted Fingerprint Sensor တွေကိုပြသထားတဲ့ Teaser ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ Realme ကနေ နောက်ထပ် Teaser ပုံတစ်ခုကို ထုတ်ပြခဲ့ပြီး အခုအချိန်မှာတော့ ဖုန်းရဲ့ အရှေ့ပိုင်းကို ပြသခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Realme X50 5G ဖုန်းက Dual Selfie Camera အတွက် Punch-hole Display အပြင် ဘေးဘက်ဘောင်တွေကလည်း သိသိသာသာကို ပါးလွှာနေတာကိုတွေ့ရပါတယ်။
Realme X50 5G ဖုန်းဟာ Snapdragon 765G Processor ၊ 6.67″ FHD+ 120Hz LCD Display ၊ VOOC 4.0 Fast Charging ပါဝင်တဲ့ 4500mAh Battery တွေပါဝင်မှာလည်းဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 13MP Telephoto ၊ 8MP Ultrawide နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera နဲ့အတူ 32MP + 8MP Ultrawide Selife Camera ကိုထည့်သွင်းထားတာဖြစ်ပါတယ်။
အခု Realme X50 နဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်အသေးစိတ်ကိုတော့ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ သိရမှာဖြစ်ပြီးစျေးနှုန်းအနေနဲ့ကတော့ 2,199 Yuan (မြန်မာငွေကျပ် ၄ သိန်းခွဲ) ဝန်းကျင်ကနေ စတင်မှာပါ။
Ref – GSM Arena
Zawgyi
အခု Realme X50 နဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်အသေးစိတ်ကိုတော့ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ သိရမှာဖြစ်ပြီးဈေးနှုန်းအနေနဲ့ကတော့ 2,199 Yuan (မြန်မာငွေကျပ် ၄ သိန်းခွဲ) ဝန်းကျင်ကနေ စတင်မှာပါ။
Ref – GSM Arena