Unicode
Realme ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကနေ Realme X50 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့သလို တရုတ်ပြည်တွင်းစျေးကွက်အတွက် Realme Buds Air Earbuds ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာလည်း Realme ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Sky Li ကနေ ကုမ္ပဏီနဲ့သက်ဆိုင်တဲ့သတင်းတွေကိုပါ ပြောကြားခဲ့ပါသေးတယ်။
Sky Li ရဲ့ ပြောကြားချက်အရတော့ Realme ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ ၂၅ သန်းအထိ ရောင်းချနိုင်ခဲ့ပြီးတော့ လာမယ့် ၂၀၂၀ မှာလည်း ဒီပမဏရဲ့ ၂ ဆ ဖြစ်တဲ့ အလုံးရေ သန်း ၅၀ အထိ တင်ပို့ရောင်းချနိုင်ဖို့ကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ၂၀၁၉ ထက် ၂ ဆလောက်ပိုပြီး ရောင်းချနိုင်ဖို့အတွက်လည်း စမတ်ဖုန်းတွေကို Specs ပိုင်းမြင့်မားပြီး စျေးနှုန်းအရလည်း အလွန်ပြိုင်ဆိုင်နိုင်တဲ့ စျေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါတင်မဟုတ်သေးဘဲ Realme ဟာ သူ့ရဲ့ စျေးကွက်ကို 5G Network တိုးတက်လာတာနဲ့အတူ တိုးချဲ့သွားဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။
Realme ဟာ လက်ရှိအချိန်မှာ Realme X50 5G ဖုန်းနဲ့အတူ 5G စျေးကွက်ကို ဝင်ရောက်လာတဲ့အပြင် ကိုယ်ပိုင် Realme UI ကိုပါ မိတ်ဆက်လာပြီဖြစ်တဲ့အတွက် ဒီလာမယ့် ၂၀၂၀ ခုနှစ်မှာ အခုထက်ကို ပိုပြီးအောင်မြင်ဖို့က ကျိန်းသေနေပြီဖြစ်ပါတယ်။
Ref – GSM Arena
Zawgyi
ဒါတင်မဟုတ်သေးဘဲ Realme ဟာ သူ့ရဲ့ ဈေးကွက်ကို 5G Network တိုးတက်လာတာနဲ့အတူ တိုးချဲ့သွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
Realme ဟာ လက်ရှိအချိန်မှာ Realme X50 5G ဖုန်းနဲ့အတူ 5G ဈေးကွက်ကို ဝင်ရောက်လာတဲ့အပြင် ကိုယ်ပိုင် Realme UI ကိုပါ မိတ်ဆက်လာပြီဖြစ်တဲ့အတွက် ဒီလာမယ့် ၂၀၂၀ ခုနှစ်မှာ အခုထက်ကို ပိုပြီးအောင်မြင်ဖို့က ကျိန်းသေနေပြီဖြစ်ပါတယ်။
Ref – GSM Arena