realme က အိန္ဒိယမှာ ကျင်းပတဲ့ Festive Days ဈေးရောင်းပွဲတော်မှာ ထုတ်ကုန် ၈.၃ သန်းကျော် ရောင်းချရတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီထဲက ၆.၃ သန်းဟာ စမတ်ဖုန်းတွေ ဖြစ်ပြီး အရင်နှစ်ကထက် ရောင်းအား ၂၀ ရာခိုင်နှုန်း တိုးတက်လာတာပါ။

realme ဟာ ၂၀၂၀ မှာ ‌‌ဈေးအစားစား ရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပြီး Wearable နဲ့ စမတ်တီဗီ နယ်ပယ်ကိုပါ ဝင်ရောက်ယှဉ်ပြိုင်လာပါတယ်။ ဒါတင်မကသေးဘဲ realme ဟာ Smart Plug , Security ကင်မရာ , Electric Toothbrush နဲ့ Wireless Earphones တွေကိုပါ ကြေညာထားပါတယ်။

Realme sold more than 8.3 million smartphones and AIoT products during the Festive Days sale

မကြာခင်ကပဲ realme ဟာ Watch S ကို ပူပူနွေးနွေး ကြေညာခဲ့ပြီး ပါကစ္စတန်မှာ ရောင်းချပေးထားပါတယ်။ တခြား နိုင်ငံတွေမှာ မကြာခင် ရောင်းချပေးနိုင်ပါတယ်။

Ref : gsmarena