realme ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ TWS Earbuds တွေကိုပါ ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ TWS Earbuds အသစ်တွေကို မိတ်ဆက်သွားဦးမှာပါ။

အဆိုပါ TWS Earbuds အသစ်တွေထဲမှာ အဓိကထားမိတ်ဆက်သွားမှာကတော့ realme Buds Air Pro လို့နာမည်ပေးထားတဲ့ Earbuds ပဲဖြစ်ပါတယ်။ ဒါကလည်း realme ကနေ ထုတ်လုပ်ထားတဲ့ TWS Earbuds တွေထဲမှာ ပထမဆုံးအနေနဲ့ Active Noise Cancellation (ANC) Feature ပါဝင်လာမှာကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုး ANC ပါဝင်လာမယ့်အတွက် Earbuds Design ကလည်း ယခင် realme Buds Air နဲ့ Buds Air Neo တွေနဲ့ မတူညီတော့ဘဲ Silicon Eartips ပါ ပါဝင်လာမှာဖြစ်ပါတယ်။ နောက်ထပ် Feature တစ်ခုအနေနဲ့လည်း 94ms Super Low Latency ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီလိုမျိုး TWS Earbuds အပြင် နောက်ထပ် Neckband အမျိုးအစားဖြစ်တဲ့ realme Buds Wireless Pro ကိုလည်း မိတ်ဆက်လာဦးမှာပါ။ အဆိုပါ realme Buds Wireless Pro မှာလည်း Active Noise Cancellation (ANC) Feature အပြင် Hi-Res Audio Codec ဖြစ်တဲ့ Sony LDAC ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme ကနေ အသစ်မိတ်ဆက်သွားမယ့် Wireless Earbuds ၂ မျိုးက စိတ်ဝင်စားဖို့ကောင်းပြီး စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်အောက်တိုဘာလ ၇ ရက်နေ့မှ သိရှိရဖွယ်ရှိပါတယ်။

Ref – GSM Arena