realme ဟာ C30 စမတ်ဖုန်းကို ဇွန်လ ၂၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး နောက်ထပ်  ထုတ်ကုန် အသစ် ၁ ခုကိုလည်း ဇွန်လ ၂၃ ရက်နေ့မှာ ချပြတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ realme TechLife Watch R100 စမတ်နာရီ ဖြစ်ပါတယ်။

realme TechLife Watch R100 မှာ ၁.၃၂ လက်မ TFT Color မျက်နှာပြင် ပါလာပြီး 360×360 Pixel Resolution ထောက်ပံ့ထားပါတယ်။ အလူမီနီယမ် အလွိုင်းနဲ့ တည်ဆောက်ထားပြီး အနောက်ဘက် ကာဗာဟာ Matte ဒီဇိုင်း ဖြစ်ပါတယ်။ Watch R100 ရဲ့ ညာဘက်ခြမ်းမှာ ခလုတ် ၂ ခု တပ်ဆင်ထားပြီး Watch S , Watch S Pro တို့နဲ့ ဆင်တူပါတယ်။

realme TechLife Watch R100 မှာ Bluetooth Calling ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် စမတ်ဖုန်းနဲ့ချိတ်ဆက်ထားတဲ့အခါ ဖုန်းပြောနိုင်ပါတယ်။ Watch R100 မှာ 380mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး realme ရဲ့ ကြော်ငြာအရ သာမာန် သုံးရင် ၇ ရက်အထိ အသုံးခံကာ အားသွင်းချိန်ဟာ ၂ နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။

realme က TechLife Watch R100 အတွက် အရောင် ၂ မျိုး ထုတ်လုပ်ထားမယ်လို့ အတည်ပြုထားပြီး ကုမ္ပဏီဟာ အရောင်ကွဲပြားတဲ့ လက်ပတ်ကြိုးတွေကို သီးခြား ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena