realme ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက OPPO ရဲ့ Color OS ကနေ ခွဲထွက်ပြီးတော့ realme UI ဆိုတဲ့နာမည်နဲ့ ကိုယ်ပိုင် UI အသစ်ကို ပြောင်းလဲအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း realme ကနေ Android 11 ကို အခြေခံထားတဲ့ realme UI 2.0 ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီလိုမျိုးစက်တင်ဘာလကတည်းက realme UI 2.0 ကို မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ realme X50 Pro စမတ်ဖုန်းတစ်မျိုးတည်းကပဲ realme UI 2.0 ကို Beta အနေနဲ့ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတေ့ာ realme ကနေ နောက်ထပ် စမတ်ဖုန်းတစ်လုံးကိုပါ realme UI 2.0 Update ကို အသုံးပြုခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါကတော့ realme 7 Pro စမတ်ဖုန်းပဲဖြစ်ပြီးတော့ realme UI 2.0 အတွက် “Alpha Squad” အနေနဲ့ပဲ စတင်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလိုမျိုး Alpha Squad Version ဟာ Beta Version ထက်တောင် Bug များနိုင်ပြီးတော့ ပုံမှန် စမတ်ဖုန်းအသုံးပြုနေတဲ့သူတွေထက် Bug တွေကို စမ်းသပ်ချင်တဲ့ Developer တွေအတွက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။

အဲ့ဒီအတွက် realme ကနေ အခုလိုမျိုး Alpha Squad ကို ဝင်ရောက်တဲ့သူတွေကို ပုံမှန် Stable Firmware ကို ပြန်လည် Rollback ပြုလုပ်ခွင့်ကိုလည်း ပေးထားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အခုလောလောဆယ်မှာ အယောက် ၅၀ အထိပဲ ဝင်ရောက်ခွင့်ပေးထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး realme 7 Pro ဖုန်းအတွက် Android 11-based realme UI 2.0 ကို စတင်စမ်းသပ်နေပြီဖြစ်တဲ့အတွက် လာမယ့်နှစ်အတွင်းမှာတော့ Stable Version Update ကို ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China