Realme ဟာ Android 11 အခြေခံထားတဲ့ Realme UI 2.0 ကို လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက ပွဲထုတ်ခဲ့တာပါ။ UI သစ်ကို ကြေညာပြီးတဲ့နောက် Stable update ကို Realme X50 Pro တစ်ခုတည်းမှာပဲ သုံးလို့ရခဲ့ပါတယ်။ ကျန်နှစ်မျိုးက Beta ဗားရှင်းပဲရပါတယ်။ အခုတော့ ကုမ္ပဏီဟာ နောက်ထပ် Realme ဖုန်း လေးမျိုးမှာ Beta ဗားရှင်းကို စမ်းသုံးနိုင်ဖို့ ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

Realme UI 2.0 ကိုကြေညာပြီး ရက်အနည်းငယ်အကြာမှာ Update ရရှိနိုင်မယ့် Device စာရင်းကို “Early Access” roadmap အနေနဲ့ ဖော်ပြခဲ့ပါသေးတယ်။ အခု ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်ရောက်ချိန်မှ စမ်းသပ်သုံးစွဲခွင့်ရတဲ့ နောက်ထပ် ဖုန်းလေးမျိုးစာရင်းကို ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Realme 7, Realme 6 Pro, Narzo 20 Pro နဲ့ Realme X2 Pro တို့ဟာ Realme ရဲ့ UI 2.0 ကို မြှင့်တင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုကြေညာလိုက်တဲ့ ဟန်းဆက် လေးမျိုးကလည်း၊ ပထမဦးဆုံး Update ထုတ်ပေးခဲ့တဲ့ သုံးမျိုးလိုပဲ အရေအတွက်အကန့်အသတ်နဲ့ပဲ ရရှိမှာဖြစ်ပါတယ်။

အကယ်၍ စာဖတ်သူဟာ Realme 7, Realme 6 Pro, Narzo 20 Pro နဲ့ Realme X2 Pro ဟန်းဆက်ကို သုံးနေပြီး UI 2.0 ကိုလည်း စမ်းသုံးချင်တယ်ဆိုရင်တော့ Setting>Software Update>Gear Icon>Trial Version>Submit Details>Apply Now ကိုသွားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ ရွေးချယ်ခံရမယ်ဆိုရင်တော့ OTA ကတစ်ဆင့် Realme UI 2.0 (Android 11) beta build ကို ရရှိမှာ ဖြစ်ပါတယ်။

Ref: Gizmochina