realme ဟာ စမတ်ဖုန်းတချို့အတွက် realme UI 4.0 ကို ဖြန့်ချိနေပြီး အခုဆိုရင် realme GT Neo 3T နဲ့ realme Narzo 50 Pro 5G တို့မှာ ရရှိသွားပါပြီ။ realme ဟာ တခြား Device တွေကိုလည်း Update Program မှာ ထည့်သွင်းနေပါတယ်။

realme UI 4.0 ရမယ့် Device စာရင်းကို ကြေညာလိုက်ပြီ – MyTech Myanmar

realme UI 4.0 ဟာ Android 13 ကို အခြေပြုထားတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Skin ဖြစ်ပါတယ်။ တချို့ Device တွေဟာ Android 13 အခြေပြု realme UI 3.0 ကို အရင်က ရခဲ့ဖူးပေမယ့် အခုတော့ အိန္ဒိယက realme GT Neo 3T နဲ့ Narzo 50 Pro 5G တို့မှာ realme UI 4.0 ကို ရသွားပါပြီ။

Realme UI 4.0

realme UI 4.0 မှာ System ၁ ခုလုံးအတွက် Animation တွေ ချောမွတ်စေတဲ့  Aquamorphic ဒီဇိုင်းကို အသုံးပြုထားပြီး အဲဒီ  Aquamorphic ဒီဇိုင်းကို OPPO နဲ့ OnePlus တို့ရဲ့ နောက်ဆုံးထုတ် ဆော့ဖ်ဝဲ Skin မှာလည်း ထည့်သွင်းထားပါတယ်။ လုံခြုံရေး ပိုမို ကောင်းမွန်လာပြီး တခြား တိုးတက်မှုတွေ ပါလာပါတယ်။ Android 13 ရဲ့ လုပ်ဆောင်ချက် အားလုံးကို အသုံးပြုနိုင်ပါတယ်။

realme GT Neo 3T နဲ့ Narzo 50 Pro 5G တို့အပြင် realme UI 4.0 ကို တခြား Device တွေမှာလည်း ရတော့မှာ ဖြစ်ပြီး realme 8s 5G နဲ့ realme 9 5G တို့ဟာ Early Access Program မှာ ပါလာပါတယ်။ ဒါပေမယ့် Early Access Builds တွေမှာ Bugs များစွာ ပါလာတတ်ပါတယ်။

realme က အိန္ဒိယမှာ realme UI 4.0 Program မှာ Device တွေကို ပိုမို ထည့်သွင်းပေးနေပြီး မကြာခင်မှာ စမတ်ဖုန်းများစွာမှာ ရကြမှာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Device များစွာမှာ realme UI 4.0 ကို ရခဲ့ကြပြီး အခုတော့ နောက်ထပ် Device တွေမှာ ရကြမှာပါ။

Ref : gizchina