realme C67 5G ကို ပြီးခဲ့တဲ့ တစ်ပတ်က အိန္ဒိယမှာ ကြေညာခဲ့ပြီး အခုတော့ 4G မော်ဒယ်ကို အင်ဒိုနီးရှားမှာ မိတ်ဆက်လိုက်ပါတယ်။ realme C67 4G မှာ ဒီဇိုင်း ဆန်းသစ်ထားပြီး 108MP Main ကင်မရာနဲ့ Qualcomm Snapdragon 685 Chipset ထည့်သွင်းထားပါတယ်။

Realme unveils C67 4G with Snapdragon 685 and 108MP camera

realme C67 4G မှာ 6.72” IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole Cutout မှာ 8MP အရှေ့ ကင်မရာ ပါလာပြီး ဆဲလ်ဖီး ကင်မရာ ပတ်လည်မှာ Notification နဲ့ System Status တွေကို ပြသပေးတဲ့ Mini Capsule 2.0 ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 108MP Samsung ISOCELL HM6 Sensor (3x In-sensor Zoom စွမ်းရည်ပါပါတယ်။ ) နဲ့ 2MP Depth Sensor တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး IP54 ရေစိုခံစံနှုန်း ပါပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Realme C67 4G pricing in Indonesia

realme C67 4G အတွက် Sunny Oasis နဲ့ Black Rock အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB Version ကို ၁၆၈ ဒေါ်လာနဲ့ 8/256GB Version ကို ၁၉၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena