realme V15 ကို မနက်ဖြန် တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး အရင်ကတော့ 50W Fast Charging ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ Xu Qi Chase က အဲဒီ စမတ်ဖုန်းမှာ 65W Fast Charging ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme V15 will feature 65W charging

realme က V15 ရဲ့ Specs တွေကို ဘာ ၁ ခုမှ မပြောသေးပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ တချို့ကို realme က မျှဝေထားပြီး Punch Hole မျက်နှာပြင်နဲ့ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားတာ မြင်ရပါတယ်။

realme V15 ဟာ ၂၀၀ ဂရမ်အောက်ပဲ အလေးချိန် ရှိပြီး မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ထားပြီး MediaTek Dimensity 800U Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

realme V15 ကို မနက်ဖြန် တရုတ် ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ ကြေညာတော့မှာ ဖြစ်တဲ့အတွက် မျက်ဝါးထင်ထင်မြင်ရဖို့ သိပ်မလိုတော့ပါဘူး။

ref : gsmarena