realme က Koi Series ဖန်တီးနေတာကို ၂၀၁၉ ဒီဇင်ဘာလမှာ အတည်ပြုခဲ့ပြီး ပထမဆုံး Teaser မှာ စွမ်းရည်မြင့် Snapdragon 888 SoC ထည့်သွင်းထားမယ်လို့ သတင်းပေးထားပါတယ်။ တစ်ဖက်မှာလည်း realme China ရဲ့ ဥက္ကဌ Xu Qi က realme V15 ကို ဒီလ ၇ ရက်နေ့ ကြေညာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။

Realme V15 poster

Xu Qi မျှဝေထားတဲ့ realme V15 ပိုစတာတွေမှာ ဖုန်း အနောက်ဘက်က အရမ်းလှတာကို မြင်ရပြီး 64MP Main နဲ့ နောက် ကင်မရာ ၂ လုံးကို LED Flash နဲ့အတူ လေးထောင့်ပုံအကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ တရုတ်မှာ realme V15 ကို စတိုးတော်တော်များများမှာ အမှာစာ တင်သွင်းခွင့်ပြုထားပြီ ဖြစ်ပါတယ်။ စတိုး ၁ ခုက ဖုန်းရဲ့ အရှေ့ဘက် ဒီဇိုင်းကို ပြသထားပြီး Punch Hole မျက်နှာပြင်နဲ့ နည်းနည်းထူတဲ့ Chin ပါတာ မြင်ရပါတယ်။

Realme V15 poster

Xu Qi က realme V15 ရဲ့ Specs တွေကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားသတင်းတွေအရ ၁၇၆ ဂရမ် အလေးချိန်ရှိပြီး Dimensity 800U Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ 50W Rapid Charging နည်းပညာ ပါလာမှာကြောင့် အားသွင်းနှုန်းက တော်တော်မိုက်မှာပါ။

Realme V15 poster

ဆက်စပ် သတင်းတွေအရ မော်ဒယ်နံပါတ် RMX3092 နဲ့ RMX3093 ပါတဲ့ realme ဖုန်း ၂ လုံးကို Geekbench မှာတွေ့ခဲ့ရပြီ ဖြစ်ပြီး အဲဒီ မော်ဒယ် ၂ ခုစလုံးမှာ Dimensity 720 Chipset , 8GB RAM နဲ့ Android 11 OS ထည့်သွင်းထားပါတယ်။ အဲဒီ မော်ဒယ် ၂ ခုစလုံးဟာ ဖုန်း ၁ လုံးထဲလို့ ထင်ရပြီး မကြာခင်မှာ အဲဒီ မော်ဒယ်တွေရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။

Ref : gizmochina