realme ကနေ အခုနောက်ပိုင်းမှာ ဆက်တိုက်ကို စမတ်ဖုန်းအသစ်တွေဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာလည်း realme V Series ဖုန်းအသစ်ဖြစ်တဲ့ realme V5 ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ realme V5 5G စမတ်ဖုန်းနဲ့ ပတ်သတ်ပြီးတော့ Teaser ဓါတ်ပုံတွေနဲ့ သတင်းတွေပေါက်ကြားခဲ့ပြီးဖြစ်သလို အခုလည်း Hands-on ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြန်ပါပြီ။ Hands-on ဓါတ်ပုံတွေကနေတစ်ဆင့် realme V5 ရဲ့ Single Punch-hole Selfie Camera Setup အပြင် နောက်ကျောဘက် Design ကိုပါ အတိအကျတွေ့မြင်ခဲ့ရပါတယ်။

အရောင်တွေအနေနဲ့လည်း realme V5 စမတ်ဖုန်းမှာ Silver ၊ Blue နဲ့ Green ဆိုပြီး ၃ မျိုး မိတ်ဆက်သွားဖွယ်ရှိနေပြီးတော့ Silver တစ်ရောင်ထဲမှာပဲ နောက်ကျောဘက်မှာ realme ဆိုတဲ့ Logo စာတန်းရေးသားထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Logo စာတန်းပါတာကို မကြိုက်ဘူးဆိုရင်လည်း တခြားအရောင်တွေကို ရွေးချယ်နိုင်မှာပါ။

realme V5 စမတ်ဖုန်းဟာ 6.5″ Full HD+ IPS LCD Display ပါဝင်မှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ 48MP + 8MP + 2MP + 2MP Quad Back Camera Setup နဲ့ 16MP Selfie Camera တွေကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Performance ပိုင်းမှာတော့ MediaTek Dimensity 720 Chipset ကိုမှ RAM 8GB + 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ 5000mAh Battery အပြင် 30W Dart Charging ကိုပါ Support ပြုလုပ်မှာပါ။

ဘာပဲဖြစ်ဖြစ် realme V5 5G စမတ်ဖုန်းဟာ Mid Range ဖုန်းတွေထဲမှာ နောက်ထပ်ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – GSM Arena