realme V5 ကို ဩဂုတ်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး မကြာခင်က TENAA မှာ တွေ့ခဲ့ရပါတယ်။ တရုတ် စတိုး ၁ ခုမှာ အမှာစာ လက်ခံဖို့ စာရင်းတင်ထားပြီးပြီ ဖြစ်ပြီး ဓါတ်ပုံတွေကနေ အရောင်တွေကို သိလာရပါပြီ။ ဒါ့အပြင် တရုတ်က Tipster ၁ ယောက်ကလည်း ဓါတ်ပုံတွေကို ဖွလိုက်ပြီး ဒီဇိုင်းကို သေသေချာချာ လေ့လာလို့ရလာပါတယ်။

ပထမ ဓါတ်ပုံမှာ realme V5 ရဲ့ အရှေ့ဘက်ကို ပြသထားပြီး မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ ဆဲလ်ဖီး ကင်မရာ အတွက် လုံးဝန်းတဲ့ Punch Hole ပါလာပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာတဲ့အတွက် Screen-to-body Ratio က မြင့်မားမှာပါ။

ဓါတ်ပုံမှာ 30W Dart Charge , 5,000mAh ဘက်ထရီ , NSA/SA Dual-mode 5G တွေနဲ့ 48MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါလာမယ်လို့ ဖော်ပြထားပါတယ်။ တခြား ဓါတ်ပုံ ၁ ပုံမှာ မတူညီတဲ့ အရောင်တွေ ပါလာပါတယ်။

realme V5 မှာ ၆.၅ လက်မ FullHD+ IPS LCD မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 6/8GB RAM နဲ့ 128GB Storage ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Android 10 OS အခြေပြု realme UI ပါလာမှာပါ။ အနောက်ဘက်မှာ 48MP , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်ထားမှာပါ။ Dimensity 720 Chipset ပါလာမှာ ဖြစ်ပြီး realme ရဲ့ ‌ဈေးအချိုဆုံး 5G ဖုန်း ဖြစ်လာမှာပါ။

Ref : gizmochina