realme ကနေ အခုချိန်မှာ လက်ရှိရောင်းချနေတဲ့ စမတ်ဖုန်းတွေအပြင် V Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာပါ။ ပထမဆုံး V Series ဖုန်းအနေနဲ့ကတော့ realme V5 ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ realme V5 ဖုန်းကို ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပြီး သြဂုတ်လ ၃ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ အဆိုပါ realme V5 စမတ်ဖုန်းဟာ 5G Support ရရှိမယ်ဆိုတာကိုပဲ သိရှိခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ realme V5 မှာ MediaTek ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ Dimensity 720 5G Chipset အသစ်ကို အသုံးပြုလာမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Dimensity 720 5G Chipset နဲ့ပတ်သတ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာဘယ်လောက်ထိရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ သေချာတဲ့အချက်ကတော့ Dimensity 800 Chipset ထက် အနည်းငယ်အားနည်းမှာဖြစ်ပြီး Qualcomm Snapdragon 730G , 765G Chipset တွေနဲ့ ယှဥ်ပြိုင်နိုင်မယ်လို့ ယူဆရပါတယ်။

realme V5 စမတ်ဖုန်းဟာ 6.5″ Full HD+ Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Selfie Camera အနေနဲ့ကတော့ Punch-hole Design နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 48MP Quad Camera Setup ကိုအသုံးပြုလာမှာဖြစ်ပြီး 48MP + 8MP + 2MP + 2MP Sensor တွေပါဝင်မယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ပါဝင်မှာပါ။

RAM နဲ့ Storage အနေနဲ့ကတော့ 128GB Storage ကိုပဲ RAM 6GB နဲ့ RAM 8GB ဆိုပြီး Version ၂ မျိုးမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Battery အနေနဲ့ 5000mAh Battery ကိုမှ 30W Fast Charging Support ရရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme ရဲ့ V Series စမတ်ဖုန်းတွေဟာ Mid Range ဖုန်းတွေဖြစ်ပေမယ့် 5G Support ရရှိတဲ့ဖုန်း Series အသစ်ဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – Gizmo China