realme က တရုတ်မှာ တန်ဖိုးနည်း ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပြီး 5G ဖုန်းတွေ ဖြစ်ပါတယ်။ realme V50 နဲ့ V50s လို့ အမည်ပေးထားပြီး Specs အများစု တူညီကြပါတယ်။

Realme V50s

realme V50 Series မှာ ပြးချပ်တဲ့ ဒီဇိုင်းကို သုံးထားပြီး စက်ဝိုင်းပုံ ကင်မရာ Module ပါပါတယ်။ အထူက ၇.၈၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၀ ဂရမ် ရှိပါတယ်။

6.72” Punch Hole မျက်နှာပြင် ပါလာပြီး LCD အမျိုးအစား ဖြစ်ကာ FHD+ Resolution , 120Hz Refresh Rate နဲ့ 680 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Realme V50 and Realme V50s

MediaTek Dimensity 6100 Plus Chipset သုံးထားပြီး Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ အပို ကင်မရာ ၁ လုံး တွဲဖက်ထားပြီး Depth Sensor ဖြစ်နိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်၊ microSD Card Slot နဲ့ 5,000mAh Battery ထည့်သွင်းထားပြီး အားသွင်းနှုန်းကို မသိရသေးပါဘူး။ 10W or 18W Charging ပါလာနိုင်ပါတယ်။

ဈေးနှုန်း

Realme V50

  • 6GB + 128GB – ¥1,199 (~$165)
  • 8GB + 256GB – ¥1,399 (~$195)

Realme V50s

  • 6GB + 128GB – ¥1,499 (~$210)
  • 8GB + 256GB – ¥1,799 (~$250)

Purple Dawn နဲ့ Midnight အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina