မကြာခင်က TENAA မှာ realme V60 နဲ့ V60s ကို တွေ့လာရပြီး အဲဒီဖုန်း ၂ လုံးရဲ့ Specs တွေမှာ အများစု တူညီနိုင်ပါတယ်။ အခုတော့ V60s ကို realme တရုတ် ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပါတယ်။

Realme V60s officially listed on the Realme China website - GSMArena.com news

realme V60s ဟာ Dual SIM ဖုန်း ဖြစ်ပြီး 5G ဆက်သွယ်မှု ပါပါတယ်။ 6.67” HD+ 720x1604p Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 625 Nits Brightness ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6300 Chipset မောင်းနှင်ထားပါတယ်။

realme V60s ရဲ့ အထူက ၇.၉၄ မီလီမီတာ ရှိပြီး Star Gold နဲ့ Turquoise အရောင်တွေ ထုတ်လုပ်ထားပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး 5,000mAh Battery ပါပါတယ်။

Realme V60s Officialy Revealed Ahead of Launch for $206

အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး 32MP Main ကင်မရာနဲ့ နောက်ထပ် ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ နောက်ထပ် ကင်မရာ ၁ လုံးက Macro လား၊ Depth လားဆိုတာ မသိရသေးပါဘူး။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ  ထည့်သွင်းထားပါတယ်။

realme V60s ရဲ့ 6/128GB ကို ၂၀၆ ဒေါ်လာ သတ်မှတ်ထားပြီး ဒါဟာ Turquoise မော်ဒယ် အတွက် ဖြစ်ပါတယ်။ Star Gold မော်ဒယ်ကို ၁၉၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 8/256GB ကို ၂၄၈ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gsmarena