realme Watch ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ ဒုတိယမြောက် Software Update ကို ဖြန့်ချိပေးလိုက်ပါပြီ။ Version Number က 81.0 ဖြစ်ပြီး Firmware အသစ်မှာ Notification Management တိုးတက်လာပါတယ်။ အရင်က realme Band မှာလို Notification ၁ ခုကိုပဲ realme Watch မှာ ပြသပေးပြီး အခုတော့ Drop-down List ကနေ Notification ၁၀ ခုအထိ ပြသပေးနိုင်ပါတယ်။ အဲဒီအတွက် Notification အဟောင်းနေရာမှာ အသစ်တွေကို မြင်ရမှာပါ။ realme Watch User တွေက အဲဒီလို လုပ်ဆောင်ချက်ကို တောင်းဆိုနေကြတာ ကြာပြီ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက ဒီပြဿနာကို ဖြေရှင်းပေးလိုက်တာက ဝမ်းသာစရာပါ။

Update မှာ watch UI အတွက် ဘာသာစကား အသစ် ၇ မျိုးကို ထောက်ပံ့ပေးလာပြီး အခုဆိုရင် သင် သတ်မှတ်ထားတဲ့ အချိန်မှာ Do Not Disturb (DND) ကို Enable/ Disable အလိုလို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Firmware က ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပြီး Bugs တချို့ကို ပြင်ဆင်ပေးထားပါတယ်။ Changelog အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီ Update ကို Over The Air ကနေ ဖြန့်ချိပေးနေပြီး realme Link App ကနေ realme Watch မှာ အင်စတောလုပ်နိုင်ပါတယ်။ App ရဲ့ realme Watch Section မှာ Update ရပြီလို့ အသိပေးမှာ ဖြစ်ပြီး Notification မရရင်တော့ realme Link App က realme Watch Settings ထဲမှ Device Upgrade Menu မှာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena