realme ဟာပြီးခဲ့တဲ့ မေလတုန်းက realme Watch နာမည်နဲ့ Smartwatch ကို ပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နောက်ထပ် Smartwatch အသစ်ကို realme Watch S နာမည်နဲ့ မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ realme Watch S ဟာ 1.3″ Circular Display ပါဝင်မှာဖြစ်ပြီး Resolution အနေနဲ့ 360×360 Pixels ရှိမှာဖြစ်ပါတယ်။ ပြင်ပအလင်းရောင်ပေါ်မှုတည်ပြီး Auto Brightness ပြုလုပ်ပေးနိုင်တဲ့ Photosensitive Sensor တစ်ခုလည်းပါဝင်လာမယ်လို့ သိရပါတယ်။

realme Watch S ရဲ့ Display ဟာ Corning Gorilla Glass Protection လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ Watch Face တွေအနေနဲ့ကတော့ လောလောဆယ်မှာ ၁၂ မျိုးပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး လာမယ့်လပိုင်းမှာ စုစုပေါင်း Watch Face ၁၀၀ ကျော်အထိ Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Build Quality ပိုင်းမှာတော့ Aluminum Alloy ကိုယ်ထည်အပြင် Liquid Silicone နဲ့ ပြုလုပ်ထားတဲ့ လက်ပတ်တွေပါဝင်မှာဖြစ်ပါတယ်။ လက်ပတ်အရောင်တွေကိုတော့ Blue ၊ Orange ၊ Green နဲ့ Black ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်မှာပါ။

Feature ပိုင်းတွေမှာတော့ PPG Heart Rate Sensor ၊ SpO2 Sensor ၊ Sport Mode ၁၆ မျိုးအပြင် Sleep Monitoring ၊ Call Rejection ၊ Smart Notification ၊ Music နဲ့ Camera Control တွေပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ IP68 Dust & Water Resistant Rating ပါဝင်တဲ့အတွက် ရေအနက် ၁.၅ မီတာအထိကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း realme ကတော့ ရေကူးတဲ့အချိန်နဲ့ ရေချိုးတဲ့အချိန်တွေမှာ အသုံးမပြုဖို့ ပြောကြားထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 390mAh Battery ပါဝင်မှာဖြစ်ပြီး အများဆုံး ၁၅ ရက်ဆက်တိုက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ပါကစ္စတန် ရူပီး ၁၄,၉၉၉ (မြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena