realme ဟာ စမတ် ကိရိယာ နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ စမတ်နာရီ ၁ လုံးထဲပဲ ထုတ်လုပ်ရောင်းချထားပါသေးတယ်။ စက်တင်ဘာလက IFA 2020 မှာ စမတ်နာရီ အသစ်တွေကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ်လို့ အသိပေးခဲ့ပါတယ်။ အခုတော့ realme Watch S ကို နိုဝင်ဘာလ ၂ ရက်နေ့ ပါကစ္စတန်မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

realme Watch S Teaser

realme Watch S ကို မှတ်ပုံတင် အဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ တွေ့ခဲ့ကြရပြီး Specs တချို့ကို သိလာရပါပြီ။ realme က မျှဝေထားတဲ့ ပိုစတာမှာလည်း လုပ်ဆောင်ချက် တချို့နဲ့ ဒီဇိုင်းကို တွေ့လာရပါတယ်။

Realme Watch

မှတ်ပုံတင် အဖွဲ့အစည်းတွေနဲ့ realme ရဲ့ ပိုစတာ အရ realme Watch S မှာ ၁.၃ လက်မ မျက်နှာပြင် အဝိုင်း တပ်ဆင်ထားမှာ ဖြစ်ပြီး Brightness Sensor ပါလာမှာပါ။ ပထမမျိုးဆက် realme Watch မှာ လေးထောင့် မျက်နှာပြင်ပဲ ထည့်ထားတာ ဖြစ်ပြီး Brightness Sensor မပါပါဘူး။

မော်ဒယ်အသစ်မှာ သုံးထားမယ့် မျက်နှာပြင် အမျိုးအစားကို မသိရသေးပါဘူး။ မော်ဒယ် အဟောင်းမှာတော့ LCD ကို သုံးထားပါတယ်။ ဒါပေမယ့် Watch S ရဲ့ ဒီဇိုင်းအရ OLED နဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ realme Pakistan ရဲ့ Tweet မှာ Sports Mode ပေါင်း ၁၆ ခုနဲ့ Health Monitors များစွာ ပါမယ်လို့ သတင်းပေးထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတာ ထည့်ထားပြီး SpO2 Sensor က ကိုဗစ် ကာလမှာ အသုံးဝင်မှာပါ။

SpO2 Sensor ကို မကြာခင်က ကြေညာခဲ့တဲ့ Mi Watch Revolve/ Mi Watch aka Mi Watch Color မှာ မထည့်ထားပါဘူး။ အဲဒီအတွက် Xiaomi ဟာ SpO2 Sensor ပါတဲ့ Mi Watch Color Sports Edition ကို တရုတ်မှာ ရောင်းပေးခဲ့ပါတယ်။

Watch S ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၅ ရက်အထိ ခံတယ်လို့ realme က သတင်းပေးထားပြီး လက်ပတ်ကြိုးတွေအတွက် အနက် ၊ လိမ္မော်၊ အပြာနဲ့ အစိမ်းရောင်တွေ ရွေးချယ်နိုင်မှာပါ။

Ref : gizmochina