Realme Band ကို ကြေညာချိန်မှာ ကုမ္ပဏီက နောက်ထပ် Wearable Product တွေ ထုတ်ဦးမယ်ဆိုတာ အသိပေးခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဓါတ်ပုံကို ပြသခဲ့ပါတယ်။ Realme Watch ကို ဗီဒီယို ၁ ခုမှာလည်း ပြသထားဖူးပါတယ်။ အခုတော့ Realme က စမတ်နာရီရဲ့ Teaser ဗီဒီယို ၁ ခုကို မျှဝေလိုက်တဲ့အတွက် မကြာခင် အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။

အရင်သတင်းတွေအရ Realme Watch မှာ လေးထောင့် မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ထောင့်စွန်းတွေက လုံးဝိုင်းပါတယ်။ ၁.၄ လက်မ TFT LCD Touchscreen တပ်ဆင်ထားပြီး 320×320 Resolution ဖြစ်ပါတယ်။ ညာဘက်မှာ ခလုတ် ၁ ခုပဲ တပ်ဆင်ထားပြီး လက်ပတ်ကြိုးကို လဲလှယ်လို့ မရဘူးလို့ ထင်ပါတယ်။ အနောက်ဘက်ကနေ အားသွင်းရမှာ ဖြစ်ပြီး 160mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ အချိန်ပြည့် နှလုံးခုန်နှုန်း တိုင်းတာပေးပြီး ဘက်ထရီသက်တမ်းက ၇ ရက်တောင်ခံပါတယ်။

IP68 ရေစိုခံစံနှုန်း ပါလာမှာ ဖြစ်ပြီး Bluetooth 5.0 ထောက်ပံ့ထားပါတယ်။ Acceleration Sensor နဲ့ သွေးတွင်း အောက်ဆီဂျင် ပါဝင်တဲ့ ပမာဏကို တွက်ချက်ပေးနိုင်ပြီး GPS တော့ မပါပါဘူး။ Realme က မေလ ၂၅ ရက်နေ့မှာ စမတ်ဖုန်း ၊ နားကြပ်တွေအပါအဝင် ထုတ်ကုန် ၈ မျိုးကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီထုတ်ကုန်တွေကို အိန္ဒိယမှာ မကြာခင် ချပြနိုင်ပါတယ်။ အိန္ဒိယမှာ ကြေညာမယ့် ရက်ကို မသိရသေးပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ပိုသိလာရနိုင်ပါတယ်။

Ref : fonearena