realme 12 Pro နဲ့ 12 Pro+ ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အဲဒီဖုန်း ၂ လုံးကို TENAA မှာ မှတ်ပုံတင်ထားပြီး အဓိက Specs နဲ့ ဓါတ်ပုံတွေကို တွေ့ခဲ့ကြရပြီးပြီ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက နာမည်ကြီး နာရီ ကုမ္ပဏီ ၁ ခုနဲ့ပူးပေါင်းထားတယ်လို့ အသိပေးလိုက်ပါတယ်။

Realme will partner with Rolex in upcoming 12 Pro series

ပေါက်ကြား ဓါတ်ပုံတွေအရ realme ဟာ Rolex နဲ့ပူးပေါင်းမှာ ဖြစ်ပြီး အနောက်ဘက်မှာ ရွှေရောင် ဒီဇိုင်းနဲ့ အပြာရောင် သားရေပါတဲ့ 12 Pro+ ရဲ့ Custom Version ကို ထုတ်လုပ်ထားမှာပါ။

realme က တန်ဖိုးကြီး နာရီ ဒီဇိုင်နာ Ollivier Saveo နဲ့ ပူးပေါင်းထားတယ်လို့ အရင်က ပြောခဲ့ပါတယ်။ ဒါပေမယ့် Rolex လို့ မပြောပေမယ့် Rolex ရဲ့ Logo ဖြစ်တဲ့ သရဖူ Emoji ကို အသုံးပြုခဲ့ပါတယ်။

Realme will partner with Rolex in upcoming 12 Pro series

Teaser အရ Rolex Oyster Perpetual Datejust မှာ 28 ရက်စွဲကို မြင်ရတဲ့အတွက် ဒီလ ၂၈ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

realme 12 Pro နဲ့ 12 Pro+ ဟာ နောက်မျိုးဆက် Number Series စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးထဲက အနည်းဆုံး ၁ လုံးမှာ Periscope ကင်မရာ တပ်ဆင်ထားမယ်လို့ realme က Teaser များစွာမှာ ဖော်ပြထားပါတယ်။

realme 12 Pro Series ကို တရားဝင် ကြေညာမယ့်ရက် မတိုင်ခင်မှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena