Realme က X2 Pro အတွက် Android 11 Beta Testers တွေကို ရှာဖွေစုဆောင်းနေပါတယ်။ ဟုတ်ပါတယ်။ Android 11 ပါ။ Google က Android 11 ကို ဇွန်လမှာ ဖြန့်ချိပေးမှာ ဖြစ်ပြီး အခုထိ Beta Version ကို မထုတ်ပေးသေးပါဘူး။

ကံထူးတဲ့ လူ ၁၀၀ ဟာ နောက်ဆုံးထုတ် Android OS ကို စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပြီး Realme UI ရဲ့ လုပ်ဆောင်ချက် အသစ်တွေကို မြည်းစမ်းခွင့်ရမှာ ဖြစ်ပါတယ်။ မေလ ၁၈ ရက်နေ့ မတိုင်ခင်မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

Beta Program ကို ၁ နှစ်ကြာ စမ်းသပ်မှာ ဖြစ်ပေမယ့် Program မှာ မပါတဲ့ Realme X2 Pro Users တွေဟာ Update ရဖို့ ၂၀၂၁ ခုနှစ်အထိ စောင့်စရာ မလိုပါဘူး။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းအတွက် Android 10 Beta Update  စမ်းသပ် အသုံးပြုမယ့် သူတွေကို စုဆောင်းပြီးတဲ့နောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စမ်းသပ်မှု စတင်ခဲ့ပါတယ်။ Update ကို ဒီနှစ် ဧပြီလမှာ ဖြန့်ချိပေးခဲ့တာပါ။

Realme က Stable Android 11 Update ရမယ့် အချိန်ကို မကြေညာသေးပါဘူး။ X2 Pro ဟာ Update ရမယ့် အစောဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်မှာပါ။

Ref : gsmarena