Realme ဟာ မကြာခင် Realme X3, X3 Pro နဲ့ X3 SuperZoom တို့ကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ X3 SuperZoom ကတော့ မေလ ၂၆ ရက်နေ့ကတည်းက ဥရောပဈေးကွက်မှာ မိတ်ဆက်သွားခဲ့ပေမယ့် ကျန်တဲ့ဖုန်းနှစ်လုံးကိုတော့ ဘာသံမှမကြားရသေးပါဘူး။ ဒါပေမယ့် ယနေ့မှာ Realme X3 ဟန်းဆက်ကို Google Play Console ပေါ်မှာ တွေ့လာရပြီး အဓိက Specs အချို့ကို ဖော်ပြလာခဲ့ပါတယ်။

Google စာရင်းထဲမှာတော့ Realme X3 ဟာ SuperZoom လိုပဲ Snapdragon 855+ ချစ်ပ်ဆက်ကို အသုံးပြုလာခဲ့ပါတယ်။ X3 ဟာ 8GB RAM နဲ့ထွက်လာမှာဖြစ်ပေမယ့် 5G ထောက်ပံ့မှုကိုတော့ မတွေ့ရသေးပါဘူး။

X3 ရဲ့ Display က 2400 x 1080p Resolution ပါဝင်ပြီး 90Hz Refresh Rate ပါလာမယ်ဆိုတာတော့ မတွေ့ရသေးပါဘူး။ SuperZoom ကတော့ 120Hz Refresh Rate အကြမ်းစားနဲ့ မိတ်ဆက်ထားတာပါ။ Android 10 OS နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

Realme X3 ဖုန်းဟာ အိန္ဒိယရဲ့ BIS ဝက်ဆိုက်မှာလည်း မော်ဒယ်နံပါတ် RMX2081L1, RM2085L1, RMX2086L1 တို့နဲ့ အတည်ပြုချက်ရယူခဲ့ပါတယ်။ ဒါပေမယ့် အခုထိ မိတ်ဆက်မယ့်ရက်စွဲကို တရားဝင်မသိရသေးပါဘူး။

Ref – GizmoChina