ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပူပူနွေးနွေး ကြေညာထားတဲ့ realme X3 ကို မရောင်းပေးသေးပေမယ့် ဒုတိယ Software Update ကို ဖြန့်ချိပေးလိုက်ပြီး ဖုန်းလေးလံတာကို ဖြေရှင်းထားသလို System တည်ငြိမ်မှု ပိုကောင်းလာပါတယ်။ ဒါ့အပြင် Update မှာ Screen Brightness နဲ့ ဓါတ်ပုံ အရည်အသွေးကို တိုးတက်အောင်ပြုလုပ်ပေးထားပြီး လက်ဗွေရာ ကိရိယာ ပူနေတာကို ဖြေရှင်းပေးထားပါတယ်။
Changelog မှာ ၂၀၂၀ ဇွန်လ အတွက် Android Security Patch ၊ realme PaySa (India Only) နဲ့ realme Link Apps တွေ ထည့်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ Gsmarena က Update တင်ပြီးနောက်မှာ အဲဒီ App တွေကို မတွေ့ရဘူးလို့ ပြောပါတယ်။ အဲဒီ App တွေဟာ အရင် A.29 Update ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မယ်လို့ သိရပါတယ်။
Firmware ရဲ့ ဗားရှင်းဟာ RMX2081_11_A.31 ဖြစ်ပါတယ်။ 195MB ရှိပြီး Over The Air ကနေ ဖြန့်ချိပေးနေတာပါ။ realme X3 ကို အိန္ဒိယမှာ ဒီလ ၃၀ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး Settings> Software Update ကနေ တင်နိုင်ပါတယ်။
realme X3 မှာ Snapdragon 855+ SoC မောင်းနှင်ထားပြီး ၆.၆ လက်မ 120Hz FullHD+ LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 64MP Quad ကင်မရာနဲ့ 30W Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ပါလာပါတယ်။
Ref ; gsmarena