realme X3 ရဲ့ သတင်းတွေ မကြာခဏ ထွက်နေပြီး ကုမ္ပဏီကလည်း အဲဒီ ဖုန်းရဲ့ Teaser ဗီဒီယို ၁ ခုကို မျှဝေထားဖူးပါတယ်။ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး Google Play Console မှာ 1080x2400p Resolution မျက်နှာပြင်နဲ့ Android 10 OS ပါလာမယ်လို့ ဖော်ပြထားပါတယ်။

realme X3 ကို Geekbench မှာလည်း တွေ့လာရပြီး 12GB RAM ပါမယ်လို့ ဖော်ပြထားတဲ့အတွက် စွမ်းရည် အရမ်းလန်းမှာပါ။ Geekbench မှာ အဲဒီဖုန်းရဲ့ Single နဲ့ Multi Core ရမှတ်တွေကတော့ Snapdragon 865 ဖုန်းတွေနဲ့ အများကြီး ကွာနေပါတယ်။ Snapdragon 865 ဖုန်းတွေဟာ Geekbench 4 မှာ ၁၃၃၀၀ မှတ်လောက်ရကြပြီး Snapdragon 855+ ပါတဲ့ realme X3 SuperZoom ဟာ ၁၀၀၀၀ မှတ်ပဲရထားပါတယ်။

Geekbench အမှတ်တွေကို အခြေခံပြီး တွက်ချက်ကြည့်ရင် realme X3 ဟာ Snapdragon 765 or 765G or 768G အပေါ် အခြေပြုတည်ဆောက်ထားမယ်လို့ ထင်ပါတယ်။ အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 690 လည်း ဖြစ်နိုင်ပါတယ်။ Geekbench မှာတော့ Qualcomm Chip သုံးထားတယ်လို့ပဲ ဖော်ပြထားပါတယ်။

Ref : gsmarena