သိပ်မကြာသေးခင်က Bluetooth SIG နဲ့ ထိုင်းနိုင်ငံက NBTC အတည်ပြုချက်တွေကို ရယူခဲ့တာကြောင့် Realme X3 SuperZoom အမည်ရ Realme ဖုန်းသစ်ကို စတင်တွေ့ရှိခဲ့ကြပြီး ယနေ့မှာတော့ ဒီဖုန်းရဲ့ ဘက္ထရီနဲ့အားသွင်းစနစ်ပိုင်း အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

နာမည်ကြီး Leakster တစ်ယောက်ဖြစ်တဲ့ Sudhanshu ဆီက ထွက်လာတဲ့ Leak သတင်းထဲမှာတော့ Realme X3 SuperZoom စမတ်ဖုန်းသစ်ဟာ 4,200 mAh ဘက္ထရီကြီးပါဝင်မှာဖြစ်ပြီး 30W အားသွင်းစနစ်နဲ့ တွဲဖက်လာမယ်လို့ ဆိုပါတယ်။

ဒီစမတ်ဖုန်းဟာ Geekbench ပေါ်ကိုလည်းရောက်ရှိခဲ့ပြီး 12GB RAM တောင် ပါဝင်တာကိုတွေ့ရပေမယ့် ချစ်ပ်ဆက်ကတော့ Snapdragon 865 ရဲ့ရှေ့က SD855+ ကို ပြန်လည်သုံးစွဲထားပါတယ်။ ရှေ့မျိုးဆက်ချစ်ပ်ကို ပြန်သုံးတာ တွေ့ရလေ့သိပ်မရှိပေမယ့် သူ့ရဲ့ဈေးနှုန်းပိုင်းနဲ့ စွမ်းဆောင်ရည်ကို ချိန်ညှိထားတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ယူဆရပြီး Flagship မော်ဒယ်တွေထက် ဈေးပိုသက်သာနိုင်ပါတယ်။

Realme X3 SuperZoom နဲ့ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မသိရသေးပေမယ့် သူ့ရဲ့နာမည်အရ အတော်လေးကောင်းတဲ့ Zoom စွမ်းရည်နဲ့ ကင်မရာကို ဦးတည်မိတ်ဆက်လာမယ်လို့ ယူဆထားပါတယ်။

Ref – Playful Droid