ဥရောပမှာ realme X3 SuperZoom ကို လာမယ့် အင်္ဂါနေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်းရဲ့ အရမ်းလန်းတဲ့ Hybrid Zoom စွမ်းရည်နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပြသလိုက်ပြီး 13MP Periscope ကင်မရာဟာ 60x Zoom အထိ ထောက်ပံ့ပေးပါတယ်။

ဓါတ်ပုံ ၃ ပုံမှာ မတူညီတဲ့ Zoom Level တွေနဲ့ ရိုက်ကူးထားပြီး 1x , 5x နဲ့ 60x ပုံတွေ ဖြစ်ပါတယ်။ Optical Zoom နဲ့ ရိုက်ကူးထားတာ ဖြစ်နိုင်ပြီး Sharp အရမ်း မဖြစ်ဘဲ အသေးစိတ်ကျတဲ့အတွက် အရည်အသွေး တော်တော် ကောင်းပါတယ်။ 60x ပုံက အရမ်း အသေးစိတ် မကျပေမယ့် ကြည့်လို့တော့ အဆင်ပြေပါတယ်။

X3 SuperZoom ဟာ အရင်နှစ်ထုတ် စွမ်းရည်မြင့် X2 Pro ရဲ့  မျိုးဆက် ဖြစ်ပြီး မျိုးဆက်သစ်မှာ Snapdragon 855+ Chipset မောင်းနှင်ထားနိုင်ပါတယ်။ 12GB RAM အထိ ရွေးချယ်နိုင်မှာ ဖြစ်ပြီး 64MP Main ကင်မရာနဲ့ 30W Wired Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

ကုမ္ပဏီက X3 5G ကိုလည်း ဖန်တီးနေပြီး Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပါတယ်။ Periscope ကင်မရာ ပါလာနိုင်ပြီး realme 6 နဲ့ ဒီဇိုင်း တူညီတယ်လို့ TENAA က သတင်းအချက်အလက်တွေအရ သိရပါတယ်။

Ref : gsmarena