Realme ရဲ့စီအီးအိုဖြစ်သူ Madhav Sheth ဟာ Realme X3 SuperZoom စမတ်ဖုန်းသစ်ထွက်လာမယ်ဆိုတာ အတည်ပြုပေးခဲ့သလို 60x Zoom ကင်မရာပါလာမယ်လို့လည်း သတင်းကောင်းပါးပေးခဲ့ပါတယ်။ အဆိုပါဖုန်းမှာပါဝင်မယ့် Starry Mode နဲ့ အာကာသထဲကို ရိုက်ထားတဲ့ ဓါတ်ပုံကိုပါ တင်ပေးခဲ့ပါတယ်။

ဒီကင်မရာဟာ Periscope ကင်မရာဖြစ်ပြီး 6x Optical Zoom လောက်ပါမယ်လို့ ယူဆရပါတယ်။ တင်ထားတဲ့ ဓါတ်ပုံဟာ 13MP Resolution ရှိပြီး Oppo 10X Zom မှာတွေ့ခဲ့ရတဲ့ Module နဲ့ တူနိုင်ပါတယ်။

Realme X3 SuperZoom မှာ Snapdragon 855+ ကိုအသုံးပြုထားပြီး 12GB RAM ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် 5G မရနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အားကောင်းတဲ့ ချစ်ပ်ဆက်လို့ဆိုရမှာပါ။ သူ့မှာ 4,200 mAh ဘက္ထရီနဲ့ 30W အားသွင်းစနစ်ပါဖို့ သတင်းထွက်ထားပါတယ်။

ဖုန်းရဲ့ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ အခုထိမထွက်ပေါ်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်ရက်ပိုင်းမှာ ဆက်ပြီးတွေ့ရှိရမယ်လို့ ယုံကြည်ရပါတယ်။

Ref – GSMArena