realme ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Europe နဲ့ India စျေးကွက်အတွက် realme X3 SuperZoom စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Qualcomm Snapdragon 855+ Chipset ကို အသုံးပြုထားပြီး 5G ပါဝင်ခြင်းမရှိပေမယ့် ကျန်တဲ့ Camera ပိုင်းနဲ့ Display ပိုင်းတွေမှာ တော်တော်လေးကို အားရဖို့ကောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ realme ကနေ အဆိုပါ realme X3 SuperZoom စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ 5G Version အနေနဲ့ ထပ်မံမိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။ အခုလိုမျိုး 5G Version မှာတော့ Qualcomm Snapdragon 855+ Chipset ကို အသုံးပြုမှာမဟုတ်ဘဲ လက်ရှိတခြားသော Mid Range ဖုန်းတွေမှာတွေ့ရတဲ့ 5G Chipset ကိုပဲ အသုံးပြုသွားဖို့များနေပါတယ်။

အဲ့ဒီအတွက်ဖြစ်နိုင်တာကတော့ Qualcomm Snapdragon 765G သို့မဟုတ် MediaTek ရဲ့ Dimensity 800 Series Chipset ကို အသုံးပြုလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ယခုသတင်းကို နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံလိုမျိုး 5G Network ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်နေတဲ့ နိုင်ငံအတွက်ကတော့ အခုလိုမျိုး Snapdragon 855+ အစား Mid Range 5G Chipset ကို အသုံးပြုတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်နိုင်ပေမယ့် ကျန်တဲ့နိုင်ငံတွေအနေနဲ့ကတော့ Snapdragon 855+ က ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့အတွက် ပိုပြီးရွေးချယ်သင့်တယ်လို့ ပြောရမှာပါ။

Ref – Gizmo China