[Unicode]

ဇန်နဝါရီလ ၇ ရက်မှာ ကြေညာတော့မယ့် Realme X50 5G ရဲ့ တရားဝင် ဓါတ်ပုံတွေကို CMO Xu Qi Chase က ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှာ Polar Color ကို ပြသထားပြီး အနောက်ကင်မရာ ၄ လုံးကို ဘယ်ဘက်ထိပ်မှာ ဒေါင်လိုက် တပ်ဆင်ထားတာ မြင်ရပါတယ်။ Realme Logo ကို အောက်ခြေမှာ ရေးထွင်းထားပါတယ်။

Realme X50 5G ရဲ့ ဒီဇိုင်းဟာ XT , X2 တို့နဲ့ ဆင်ပါတယ်။ ဒါပေမယ့် သေသေချာချာကြည့်ရင် စာသားတွေရဲ့ အောက်မှာ Flash တပ်ဆင်ထားပြီး ကင်မရာတွေရဲ့ အောက်မှာ စာသားတွေ မပါပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားမယ်လို့ ထင်စရာပါ။ ဒါပေမယ့် ထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ လက်ဗွေရာ ကိရိယာကို ညာဘက်မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး ဒီလို တပ်ဆင်ထားတဲ့ Realme ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Realme ရဲ့ တရားဝင် ဝီဘို အကောင့်မှာ GIF ၁ ပုံကိုလည်း တင်ထားပြီး အဲဒီဖုန်းရဲ့ Zoom စွမ်းရည်ကို အရိပ်အမြွက် ပြသထားပါတယ်။ ကြေညာဖို့ ၂ ပတ်လောက်ပဲရှိတော့တဲ့အတွက် ဒီကြားထဲမှာ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Teaser တွေကို မျှဝေနိုင်ပါတယ်။

ကုမ္ပဏီက အဲဒီ ဖုန်းမှာ မကြာခင်က အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး SA & NSA Dual-mode Networking ကို ထောက်ပံ့မယ်လို့ ပြောထားပါတယ်။ Dual Punch-hole ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး WiFi နဲ့ 5G ကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်မယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena

[Zawgyi]

Realme X50 5G ရဲ႕ တရား၀င္ ဓါတ္ပံုေတြကို ျပသလိုက္ၿပီ

ဇန္န၀ါရီလ ၇ ရက္မွာ ေၾကညာေတာ့မယ့္ Realme X50 5G ရဲ႕ တရား၀င္ ဓါတ္ပံုေတြကို CMO Xu Qi Chase က ၀ီဘိုမွာ မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွာ Polar Color ကို ျပသထားၿပီး အေနာက္ကင္မရာ ၄ လံုးကို ဘယ္ဘက္ထိပ္မွာ ေဒါင္လိုက္ တပ္ဆင္ထားတာ ျမင္ရပါတယ္။ Realme Logo ကို ေအာက္ေျခမွာ ေရးထြင္းထားပါတယ္။

Realme X50 5G ရဲ႕ ဒီဇုိင္းဟာ XT , X2 တို႔နဲ႔ ဆင္ပါတယ္။ ဒါေပမယ့္ ေသေသခ်ာခ်ာၾကည့္ရင္ စာသားေတြရဲ႕ ေအာက္မွာ Flash တပ္ဆင္ထားၿပီး ကင္မရာေတြရဲ႕ ေအာက္မွာ စာသားေတြ မပါပါဘူး။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ မပါတဲ့အတြက္ မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားမယ္လို႔ ထင္စရာပါ။ ဒါေပမယ့္ ထြက္ေပၚေနတဲ့ ဓါတ္ပံုေတြအရ လက္ေဗြရာ ကိရိယာကို ညာဘက္မွာ ထည့္သြင္းထားမွာ ျဖစ္ၿပီး ဒီလို တပ္ဆင္ထားတဲ့ Realme ရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာပါ။

Realme ရဲ႕ တရား၀င္ ၀ီဘို အေကာင့္မွာ GIF ၁ ပံုကိုလည္း တင္ထားၿပီး အဲဒီဖုန္းရဲ႕ Zoom စြမ္းရည္ကို အရိပ္အျမြက္ ျပသထားပါတယ္။ ေၾကညာဖို႔ ၂ ပတ္ေလာက္ပဲရွိေတာ့တဲ့အတြက္ ဒီၾကားထဲမွာ ကုမၸဏီက အဲဒီဖုန္းရဲ႕ Teaser ေတြကို မွ်ေ၀ႏုိင္ပါတယ္။

ကုမၸဏီက အဲဒီ ဖုန္းမွာ မၾကာခင္က အသစ္စက္စက္ ေၾကညာထားတဲ့ Snapdragon 765G Chipset ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး SA & NSA Dual-mode Networking ကို ေထာက္ပံ့မယ္လို႔ ေျပာထားပါတယ္။ Dual Punch-hole ကင္မရာေတြ ပါလာမွာ ျဖစ္ၿပီး WiFi နဲ႔ 5G ကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ႏုိင္မယ္လို႔ အတည္ျပဳထားပါတယ္။

Ref : gsmarena