[Unicode]

5G ဖုန်း နယ်ပယ်ကို ဝင်ရောက်လာတဲ့ နောက်ထပ် ကုမ္ပဏီ ၁ ခုက Realme ဖြစ်ပါတယ်။ အဲဒီဖုန်းကို Realme X50 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး Key Specs တချို့ကိုလည်း သိခဲ့ရပြီးပါပြီ။ အခုတော့ ကုမ္ပဏီက ဝီဘိုမှာ Teaser ၁ ခုကို မျှဝေလိုက်ပြီး မနက်ဖြန်မှာ အဲဒီ ဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။

Realme က ဝီဘိုကနေ X50 မှာ VOOC 4.0 Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါမယ်ဆိုတာ အရင်က အတည်ပြုထားပါတယ်။ အဲဒီနည်းပညာက မိနစ် ၃၀ အတွင်းမှာ ဖုန်းကို ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ 5G Modem ပါတဲ့ Snapdragon 765G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 5G နဲ့ WiFi ဆက်သွယ်မှုကို တစ်ပြိုင်နက် ချိတ်ဆက်ပေးနိုင်မယ်ဆိုတာကိုလည်း အတည်ပြုထားပြီးပါပြီ။

မနက်ဖြန်မှာ Realme က X50 5G ရဲ့ သတင်းအချက်အလက် အပြည့်အစုံကိုတော့ ပြောမှာ မဟုတ်လောက်ပါဘူး။ အဲဒီ ဖုန်းရဲ့ Official ဓါတ်ပုံတွေကို မျှဝေတာ ဒါမှမဟုတ် ကြေညာမယ့် နေ့ရက်ကို ပြောကြားတာတွေ ပြုလုပ်နိုင်ပါတယ်။

ဈေးနှုန်းကို မနက်ဖြန်မှာ ပြောမှာ မဟုတ်လောက်ဘဲ မိတ်ဆက်ပွဲကျမှ ပြောကြားနိုင်ပါတယ်။ Realme X50 ဟာ မကြာခင်က ကြေညာထားတဲ့ Redmi K30 5G နဲ့ ယှဉ်ပြိုင်ရမှာပါ။ Redmi K30 5G ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၂၀,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။ Realme X50 ဟာ ဘယ်ဈေးနဲ့ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena

[Zawgyi]

Realme X50 5G ရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို မနက္ျဖန္ ေၾကညာမည္

5G ဖုန္း နယ္ပယ္ကို ၀င္ေရာက္လာတဲ့ ေနာက္ထပ္ ကုမၸဏီ ၁ ခုက Realme ျဖစ္ပါတယ္။ အဲဒီဖုန္းကို Realme X50 လို႔ နာမည္ေပးထားမွာ ျဖစ္ၿပီး Key Specs တခ်ိဳ႕ကိုလည္း သိခဲ့ရၿပီးပါၿပီ။ အခုေတာ့ ကုမၸဏီက ၀ီဘိုမွာ Teaser ၁ ခုကို မွ်ေ၀လိုက္ၿပီး မနက္ျဖန္မွာ အဲဒီ ဖုန္းရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို ေၾကညာမယ္လို႔ သတင္းေပးလိုက္ပါတယ္။

Realme က ၀ီဘိုကေန X50 မွာ VOOC 4.0 Fast Charging ေထာက္ပံ့တဲ့ 4,000mAh ဘက္ထရီ ပါမယ္ဆိုတာ အရင္က အတည္ျပဳထားပါတယ္။ အဲဒီနည္းပညာက မိနစ္ ၃၀ အတြင္းမွာ ဖုန္းကို ၇၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏုိင္ပါတယ္။ 5G Modem ပါတဲ့ Snapdragon 765G SoC ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး 5G နဲ႔ WiFi ဆက္သြယ္မႈကို တစ္ၿပိဳင္နက္ ခ်ိတ္ဆက္ေပးႏုိင္မယ္ဆိုတာကိုလည္း အတည္ျပဳထားၿပီးပါၿပီ။

မနက္ျဖန္မွာ Realme က X50 5G ရဲ႕ သတင္းအခ်က္အလက္ အျပည့္အစံုကိုေတာ့ ေျပာမွာ မဟုတ္ေလာက္ပါဘူး။ အဲဒီ ဖုန္းရဲ႕ Official ဓါတ္ပံုေတြကို မွ်ေ၀တာ ဒါမွမဟုတ္ ေၾကညာမယ့္ ေန႔ရက္ကို ေျပာၾကားတာေတြ ျပဳလုပ္ႏုိင္ပါတယ္။

ေစ်းႏႈန္းကို မနက္ျဖန္မွာ ေျပာမွာ မဟုတ္ေလာက္ဘဲ မိတ္ဆက္ပြဲက်မွ ေျပာၾကားႏုိင္ပါတယ္။ Realme X50 ဟာ မၾကာခင္က ေၾကညာထားတဲ့ Redmi K30 5G နဲ႔ ယွဥ္ၿပိဳင္ရမွာပါ။ Redmi K30 5G ရဲ႕ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ၁,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၂၀,၀၀၀ ေလာက္က်သင့္ႏုိင္ပါတယ္။ Realme X50 ဟာ ဘယ္ေစ်းနဲ႔ထြက္လာမလဲ ဆိုတာ စိတ္၀င္စားစရာေကာင္းပါတယ္။

Ref : gsmarena