[Unicode]

Realme X50 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရုတ် အာဏာပိုင် အဖွဲ့အစည်း ၁ ခုကနေ ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

မော်ဒယ်နံပါတ် RMX2051 လို့သတ်မှတ်ထားတဲ့ စမတ်ဖုန်းကို MIIT China (Ministry of Industry and Information Technology) မှာ မှတ်ပုံတင်လိုက်ပြီး အဲဒီ ဖုန်းဟာ Realme X50 ဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီ သတင်းအရင်းအမြစ်ကပဲ Realme X50 5G မှာ ၆.၆ လက်မ LCD မျက်နှာပြင် ပါမှာ ဖြစ်ပြီး Qualcomm Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။

Realme X50 5G မှာ Sony ရဲ့ 64MP IMX686 Sensor ပါမယ်လို့ သိရပါတယ်။ ဒါ့အပြင် 30W Fast Charging ပါလာမှာ ဖြစ်တဲ့အတွက် အားသွင်းနှုန်းက လန်ထွက်နေမှာ ဖြစ်ပါတယ်။ Realme X50 5G ဟာ မကြာခင်က ကြေညာခဲ့တဲ့ Redmi K30 5G နဲ့ ယှဉ်ဖိုက်ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာ မတိမ်းမယိမ်း ဖြစ်မလားဆိုတာ မသိရသေးပါဘူး။

Realme X50 5G ကြေညာမယ့်နေ့ကို ကုမ္ပဏီက မပြောသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ခဲ့တဲ့ သတင်းတွေအရ လာမယ့်လ ၅ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ရပါတယ်။ ဒီ သတင်းအချက်အလက်ကို ကုမ္ပဏီရဲ့ CMO Xu Qi Chase က အရိပ်အမြွက် ပြောပြခဲ့တာပါ။

Ref : gsmarena

[Zawgyi]

Realme X50 5G ကို တရုတ္မွာ မွတ္ပံုတင္လိုက္ၿပီ

Realme X50 5G ဟာ ကုမၸဏီရဲ႕ ပထမဆံုး 5G စမတ္ဖုန္း ျဖစ္ပါတယ္။ အခုေတာ့ အဲဒီဖုန္းကို တရုတ္ အာဏာပိုင္ အဖြဲ႕အစည္း ၁ ခုကေန ခြင့္ျပဳေပးလိုက္ၿပီ ျဖစ္တဲ့အတြက္ မၾကာခင္ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။

ေမာ္ဒယ္နံပါတ္ RMX2051 လို႔သတ္မွတ္ထားတဲ့ စမတ္ဖုန္းကို MIIT China (Ministry of Industry and Information Technology) မွာ မွတ္ပံုတင္လိုက္ၿပီး အဲဒီ ဖုန္းဟာ Realme X50 ျဖစ္တယ္လို႔ ယံုၾကည္ရတဲ့ သတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။ အဲဒီ သတင္းအရင္းအျမစ္ကပဲ Realme X50 5G မွာ ၆.၆ လက္မ LCD မ်က္ႏွာျပင္ ပါမွာ ျဖစ္ၿပီး Qualcomm Snapdragon 765G Chipset ေမာင္းႏွင္ထားမယ္လို႔ ေျပာပါတယ္။

Realme X50 5G မွာ Sony ရဲ႕ 64MP IMX686 Sensor ပါမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ 30W Fast Charging ပါလာမွာ ျဖစ္တဲ့အတြက္ အားသြင္းႏႈန္းက လန္ထြက္ေနမွာ ျဖစ္ပါတယ္။ Realme X50 5G ဟာ မၾကာခင္က ေၾကညာခဲ့တဲ့ Redmi K30 5G နဲ႔ ယွဥ္ဖိုက္ရမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းပိုင္းမွာ မတိမ္းမယိမ္း ျဖစ္မလားဆိုတာ မသိရေသးပါဘူး။

Realme X50 5G ေၾကညာမယ့္ေန႔ကို ကုမၸဏီက မေျပာေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ခဲ့တဲ့ သတင္းေတြအရ လာမယ့္လ ၅ ရက္ေန႔မွာ ေၾကညာမယ္လို႔ ထင္ရပါတယ္။ ဒီ သတင္းအခ်က္အလက္ကို ကုုမၸဏီရဲ႕ CMO Xu Qi Chase က အရိပ္အျမြက္ ေျပာျပခဲ့တာပါ။

Ref : gsmarena